Dai-ichi Life

ငွေကြေးစီမံခန့်ခွဲနိုင်ခြင်း၏ အကျိုးကျေးဇူးများ

ငွေကြေးစီမံခန့်ခွဲနိုင်ခြင်း နှင့် အသက်အာမခံထားရှိခြင်းက သင်၏အနာဂတ် ရည်မှန်းချက်များကို အကောင်အထည်ဖော်လုပ်ဆောင်ရာတွင်များစွာအထောက်အကူပေးနိုင်သည့်အပြင် မျှော်လင့်မထားသောဖြစ်ရပ်များနှင့် တွေ့ကြုံရပါကလည်း သင့်မိသားစုအနာဂတ်နှင့် ရင်သွေးငယ်များ၏ပညာရေးပန်းတိုင်ကိုအပူအပင်ကင်းစွာလျှောက်လှမ်းနိုင်ဖို့အတွက်လည်း ကူညီပေးနိုင်ပါသည်။ ကျွန်တော်တို့ Dai-ichi Life Insurance Myanmar မှ မမျှော်လင့်ထားသောအခြေအနေအားလုံးမှ ကာကွယ်ပေးနိုင်ရန် အပြည့်အဝကာကွယ်မှု နှင့် စိတ်အေးချမ်းလုံခြုံမှုကိုပေးသော total CARE ကို တစ်နေရာတည်းတွင် ဝန်ဆောင်မှု ပေးအပ်ခြင်းဖြင့် ဂရုစိုက်မှုကိုပြသလျက်ရှိပါသည်။ ကျွန်တော်တို့၏အနာဂတ်များ က အပြည့်အဝ ဂရုစိုက်ဖို့ ထိုက်တန်ပါသည်။

မိသားစုအနာဂတ်အတွက်
ငွေကြေးဆိုင်ရာကြိုတင်စီမံခြင်း

ရင်သွေးငယ်များ၏ ပညာရေး

ကာကွယ်ခြင်း / အခက်အခဲများအတွက်ပြင်ဆင်ထားခြင်း

ဘဝသည် သေချာရေရာခြင်းမရှိသောကိစ္စရပ်များဖြင့် ပြည့်နှက်နေပါသည်။ သေဆုံးခြင်း၊ပြင်းထန်ရောဂါများခံစားရခြင်း၊မတော်တဆမှုဖြစ်ခြင်းနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းများစသည့်ကိစ္စရပ်များသည် သင့်စုဆောင်းငွေများကို လျော့နည်းစေနိုင်ပြီး ငွေကြေးအခက်အခဲများရစေတတ်ပါသည်။ အသက်အာမခံကိုဝယ်ယူထားခြင်းဖြင့် ထိုကဲ့သို့သောကိစ္စရပ်များကို အဆင်ပြေပြေကျော်လွှားနိုင်မည်ဖြစ်ပါသည်။

ငွေကြေးတိုးပွားလာစေရန် ကြိုတင်ပြင်ဆင်ခြင်း

ငွေကြေးစုဆောင်းဖို့ စီစဉ်နေပြီလား။ ကျွန်တော်တို့၏အသက်အာမခံပေါ်လစီသည် သင်တို့၏ ငွေကြေးတိုးပွားလာစေရန် နှင့် လုံခြုံစိတ်ချမှုရှိစေရန် ဆောင်ရွက်ပေးနိုင်ပါသည်။ အသက်အာမခံသက်တမ်းကုန်ဆုံးချိန်တွင် သင့်ထံသို့ နှစ်ပြည့်အာမခံအကျိုးခံစားခွင့် ပြန်လည်ပေးအပ်မည်ဖြစ်ပြီး၊ အသက်သေဆုံးခြင်း၊ ပြင်းထန်ရောဂါများ ဖြစ်ခြင်း၊ မတော်တဆမှု (သို့မဟုတ်) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း ကဲ့သို့သော မျှော်လင့်မထားသည့် ကိစ္စရပ်များကို ကြုံတွေ့ရချိန်တွင်လည်း သတ်မှတ်ထားသောငွေပမာဏ (အာမခံထားငွေ) ကို အကျိုးခံစားခွင့်ရှိသူထံသို့ ပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။

ရင်သွေးငယ်များ၏အနာဂတ်ပညာရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း

ရင်သွေးငယ်များအတွက် ပိုမိုကောင်းမွန်သောအနာဂတ်ပန်းတိုင်များရရှိရန် မိဘတိုင်းမျှော်လင့်ထားကြပါသည်။ ထိုကဲ့သို့ရရှိစေရန်အတွက် ငွေကြေးစုဆောင်းထားရှိရခြင်းသည် မိဘများအတွက် ကြီးမားသော ပူပန်မှုတစ်ခုဖြစ်ပါသည်။ ထို့အတူ ကြုံတွေ့လာနိုင်သည့် မသေချာမရေရာမှုများကြောင့် မိမိတို့ရင်သွေးငယ်များ၏အနာဂတ်အတွက်အာမခံရှိသောနည်းလမ်းကိုလည်းရှာဖွေစဥ်းစားကြပါသည်။ ကျွန်တော်တို့၏အာမခံအစီအစဉ်သည် ရင်သွေးငယ်များ၏ ပညာ‌ရေးလမ်းကြောင်း ကောင်းမွန်ဖြောင့်ဖြူးစေရန် ကူညီပေးနိုင်ပါသည်။

အငြိမ်းစားကာလအတွက် ကြိုတင်ပြင်ဆင်ခြင်း

သင့်ဘဝသက်တမ်းမှာအငြိမ်းစားယူခြင်းအချိန်သည် သင့်ဘဝ၌ ဖြစ်ချင်တာ၊ မလုပ်ဖြစ်ခဲ့တာတွေလုပ်ရင်းအကောင်းဆုံးရှင်သန်နေထိုင်ခြင်းပဲဖြစ်ပါသည်။ အငြိမ်းစားယူခြင်းသည် လူတစ်ယောက်၏ဘဝအတွက် ဒုတိယရှင်သန်ချိန်၏အစဖြစ်ပြီးယခင်အလုပ်လုပ်စဉ်ကာလအတိုင်း တူညီသော နေထိုင်မှုပုံစံကို နေထိုင်ချင်ကြပါသည်။ အငြိမ်းစားယူပြီးသည့်နောက် ကျန်ရှိနေသည့်အချိန်အပိုင်းအခြား ငွေကြေးဆိုင်ရာ စီမံချက်များသည် မဖြစ်မနေ ကြိုတင်စီစဉ်ထားသင့်သောအရာများဖြစ်ပြီး ကျွန်တော်တို့၏ အသက်အာမခံပေါ်လစီများသည် သက်တောင့်သက်သာရှိသော အငြိမ်းစားကာလကို ဖန်တီးကူညီပေးနိုင်ပါသည်။

ကျန်ရစ်သူမိသားစုအတွက် ကြိုတင်ပြင်ဆင်ခြင်း

သင်ဆုံးပါးသွားသည့်အခါတွင် သင်ချစ်ခင်ရသူများအတွက် ဘာတွေချန်ထားခဲ့လို့ရနိုင်မလဲဆိုသည့်အချက်မှာ ကျွန်တော်တို့တွေကို  စိတ်ပူစေမိပါသည်။ အသက်အာမခံဝယ်ယူထားခြင်းသည် သင်နှင့် သင်ချစ်ခင်ရသူများအတွက် ငွေကြေးပမာဏများကို ချန်ထားပေးနိုင်မှာဖြစ်ပြီး  မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခုခုနှင့် ရင်ဆိုင်ရသည့်အခါတွင်လည်း သင့်အား မှီခိုနေရသူများအနေနှင့် သင်အာမခံထားရှိခဲ့သည့် ငွေကြေးပမာဏဖြင့် သူတို့၏အိပ်မက်များကို ဆက်လက်၍ အကောင်အထည်ဖော်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

ကျွန်တော်တို့၏ ဝန်ဆောင်မှုများ

ကျွန်တော်တို့၏ အသက်အာမခံဝန်ဆောင်မှုများသည် သင်နှင့် သင်ချစ်ခင်ရသူများကို ကြိုတင်ကာကွယ်နိုင်ဖို့၊ သင့်ရင်သွေး၏ အနာဂတ်ပညာရေးအတွက် အပူအပင်ကင်းစွာဖြင့်ရေးဆုံးခန်းတိုင်စေနိုင်ဖို့အပြင် သင့်လိုအပ်ချက်နှင့် ကိုက်ညီသော အနာဂတ်ငွေကြေးစီမံခန့်ခွဲခြင်းတို့ကို ဝန်ဆောင်မှုပေးနိုင်ရန်ဖြစ်ပါသည်။ သင်နှင့် သင်ချစ်ရသူတွေ၏ စိတ်အေးချမ်းသာမှုကို Dai-ichi Life Insurance Myanmar အနေနှင့် အကောင်းဆုံးကူညီပေးသွားမည်ဖြစ်ပါသည်။