Dai-ichi Life

DAI-ICHI LIFE
လူမှုရေးဆောင်ရွက်ချက်များ

ပိုမိုကောင်းမွန်သောလူမှုပတ်ဝန်းကျင်ကို ဖန်တီးခြင်းနဲ့အတူ  ကာစတန်မာများ၊ လူမှုအဖွဲ့အစည်းများ၊ နှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဆက်လက်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျွန်တော်တို့သည် ကုမ္ပဏီ၏လုပ်ဆောင်မှုအခြေခံမူများ (“DSR Charter”) ကို လက်ခံကျင့်သုံးနေပါသည်။ “DSR” သည် “Dai-ichi’s Social Responsibility” ဖြစ်ပြီး ကုမ္ပဏီနှင့် သက်ဆိုင်သူအားလုံးအတွက် လူထုအကျိုးပြုလုပ်ငန်းတာဝန်များတွင် စဉ်ဆက်မပြတ်တိုးတက်လာစေရန် ချမှတ်ထားသော လမ်းညွှန်ချက် Framework တစ်ခုဖြစ်ပါသည်။

ကျွန်တော်တို့ Dai-ichi Life Insurance Myanmar သည် Dai-ichi Life Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် မြန်မာနိုင်ငံတွင်လုပ်ငန်းဆောင်ရွက်မှုများကို စတင်သည့်အချိန်မှစ၍ Japan Heart Association ၏ Child Development Centre Dream Train အတွက် ပညာရေးဆိုင်ရာ အထောက်အကူများနှင့် သင်ကြားရေး အစီအစဉ်များ လှူဒါန်းပေးခြင်းအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများသို့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များလှုဒါန်းပေးခြင်းစသည့် လူထုအကျိုးပြုပရောဂျက်များကိုလည်း ဆက်တိုက်လုပ်ဆောင်နေခဲ့ပြီးဖြစ်ပါသည်။

ထို့အပြင် Covid-19 ရောဂါဖြစ်ပွားသောကာလအတွင်း ကာစတန်မာများအတွက် ထပ်ဆောင်းငွေကြေးဆိုင်ရာ အကာအကွယ်များပေးရန်အတွက် ကျွန်တော်တို့သည် “Dai-ichi People First Fund” နှင့် “DSR ရန်ပုံငွေ” တို့ကို စီစဥ်ထားရှိခဲ့ပါသည်။ ဒါ့အပြင် Covid-19 ရောဂါကို ကာကွယ်သည့်အနေဖြင့် Dai-ichi Life Insurance Myanmar သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များ လှူဒါန်းခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

Dai-ichi Life Insurance Myanmar သည် “Dai-ichi’s Social Responsibility” DSR လှုပ်ရှားမှုများမှတစ်ဆင့် ကာစတန်မာများနှင့် သူတို့၏ချစ်ခင်ရသူများအား ကျန်းမာရေးနှင့် စိတ်အေးချမ်းသာရမှုကို အကာအကွယ်ပေးနိုင်ခဲ့သည့်အတွက် များစွာဝမ်းမြောက်မိပါသည်။ ကျွန်တော်တို့သည် လူမှုအသိုင်းအဝန်းအား ဆက်လက်အကျိုးပြုကူညီသွားမည်ဖြစ်ပြီး ကာစတန်မာများ၏ လိုအပ်နေသောပံ့ပိုးမှုများအားလည်း နည်းလမ်းအားလုံးဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးသွားမည်ဖြစ်သည် ။