Dai-ichi Life

Donation of Masks at Dream Train Youth Development Center

၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့

ကျွန်တော်တို့ Dai-ichi Life Insurance Myanmar မှ Dream Train Youth Development Center ရှိ ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေး၊ ပညာရေး တို့အတွက် ကူညီပံ့ပိုးပေးလျက်ရှိရာ ယခုနှစ်တွင်လည်း နှစ်စဥ်လှူဒါန်းနေကြဖြစ်သည့် နှာခေါင်းစည်း mask များကို Covid-19 မှကာကွယ်နိုင်ရန် ရည်ရွယ်လျက် အခုရေ ၃၀,၂၅၀ ကို ထပ်မံလှူဒါန်းခဲ့ပါသည်။ 

 

“People First” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ လူမှုအဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန်သောအနာဂတ်တွေ ရရှိနိုင်စေရန် နှင့် မျိုးဆက်သစ်လူငယ်များအတွက် ပညာရေးလိုအပ်ချက်များကို ပံ့ပိုးပေးလျက်ရှိရုံသာမက ဝေးလံသည့်ဒေသများတွင် နေထိုင်ကြသူများအတွက်လည်း သင့်တော်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများရရှိစေရန် ပံ့ပိုးပေးလျက်ရှိပါသည်။

Share this on