Dai-ichi Life

အသက်အာမခံအကြောင်းပိုမိုနားလည်ရန်

အသက်အာမခံကို အများစုအနေနှင့် “လတ်တလောတွင် မလိုအပ်သေးဘဲ အသက်ကြီးလာမှသာ လိုအပ်တယ်” ဟု တွေးထင်ပြီး သတိမမူမိတတ်ကြပါဘူး။

ဒါဆိုရင် အသက်အာမခံဆိုတာ ဘာလဲ၊ လူတွေအပေါ်မှာရော ဘယ်လိုအကျိုးကျေးဇူးများရှိပါသလဲ။

အတိုချုပ်အားဖြင့်ပြောရမည်ဆိုလျှင် အသက်အာမခံသည် ဆုံးပါးသွားသည့်အချိန် (သို့မဟုတ်) ပုံမှန်ဝင်‌‌ငွေ မရှိတော့သည့်အခါမျိုးတွင် သင်နှင့်သင့်မိသားစုကို မမျှော်လင့်ထားသော အခက်အခဲတွေ၊ အဖြစ်အပျက်တွေမှ ငွေကြေးဆိုင်ရာကာကွယ်မှု ပေးနိုင်သည့်အပြင် အနာဂတ်ရည်မှန်းချက်များ အောင်မြင်ရန် ရေရှည်ငွေကြေးစုဆောင်းလို့ရသည့် တန်ဖိုးမဖြတ်နိုင်သော အရာတစ်ခုဖြစ်သောကြောင့် အနာဂတ်တွင် ငွေကြေးအရ ပူပန်စရာမလိုဘဲ စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်မှာပါ။

အသက်အာမခံ၏ လုပ်ဆောင်ပေးမှု

အသက်အာမခံဝယ်ယူထားသောသူတစ်ယောက်အနေနှင့် ပရီမီယံကြေးကို ပုံမှန်ပေးသွင်းပြီး အာမခံပေါ်လစီကို ရယူရမည် ဖြစ်ပါသည်။

ပရီမီယံကြေးပေးသွင်း၍ အသက်အာမခံရယူထားခြင်းဖြင့် သင့်အနေနှင့် မမျှော်လင့်ထားသည့် အခက်အခဲ၊ အခြေအနေများဖြစ်ပေါ် ခဲ့လျှင် သင့်မိသားစုအပေါ် ငွေကြေးအကာအကွယ်၊ အထောက်အပံ့တစ်ခုအဖြစ် ရရှိစေမည်ဖြစ်ပါသည်။ အသက်အာမခံထားရှိသူများအနေဖြင့် ပေါ်လစီသက်တမ်းကုန်ဆုံးသွားသည့်တိုင်အောင် အသုံးပြုခြင်းမရှိခဲ့ပါလျှင် နှစ်ပြည့်အာမခံအကျိုးခံစားခွင့်ကို ရရှိနိုင်မည်ဖြစ်ပြီး၊ သင့်အတွက် ရေရှည်ငွေကြေးစုဆောင်းမှုအစီအစဥ်များဖြစ်သည့် သင်အငြိမ်းစားယူသည့်အချိန် သို့မဟုတ် သင့်ကလေး၏ အနာဂတ်အတွက် ကြိုတင်ငွေကြေးစုဆောင်းမှုအဖြစ် ရှိနေမည်ဖြစ်ပါသည် ။

ကျွန်တော်တို့၏ ဝန်ဆောင်မှုများ

ကျွန်တော်တို့၏ အသက်အာမခံဝန်ဆောင်မှုများသည် သင်နှင့် သင်ချစ်ခင်ရသူများကို ကြိုတင်ကာကွယ်နိုင်ဖို့၊ သင့်ရင်သွေး၏ အနာဂတ်ပညာရေးအတွက် အပူအပင်ကင်းစွာဖြင့် ပညာရေးဆုံးခန်းတိုင်စေနိုင်ဖို့အပြင် သင့်လိုအပ်ချက်နှင့် ကိုက်ညီသော အနာဂတ်ငွေကြေးစီမံခန့်ခွဲခြင်းတို့ကို ဝန်ဆောင်မှုပေးနိုင်ရန်ဖြစ်ပါသည်။ သင်နှင့် သင်ချစ်ရသူတွေ၏ စိတ်အေးချမ်းသာမှုကို Dai-ichi Life Myanmar အနေနှင့် အကောင်းဆုံးကူညီပေးသွားမည်ဖြစ်ပါသည်။

မေးလေ့မေးထရှိသောမေးခွန်းများ

အသက်အာမခံဆိုတာ ဘာလဲ။

များစွာသောအခြေအနေများကို ကြိုတင်မှန်းဆ၍မရနိုင်သလို ရှေ့ဆက်ဘာဖြစ်မလဲဆိုတာလည်း သေချာမသိနိုင်ပါဘူး။ ဒါကြောင့် သင့်အနေဖြင့် အခွင့်ကောင်းကို မလွဲချော်သွားစေရန် အထူးသဖြင့် သင်ချစ်ခင်ရသူများအတွက် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုအား တိကျသေချာစွာ အစီအစဉ်ဆွဲထားနိုင်ရန် အရေးကြီးပါသည်။ အသက်အာမခံသည် အသက်ဆုံးပါးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ (သို့မဟုတ်) ပြင်းထန်ရောဂါများစသည့် မမျှော်လင့်ထားသော ကိစ္စရပ်များကြောင့် ဖြစ်ပေါ်လာသောငွေကြေးဆိုင်ရာအခက်အခဲများမှ ကာကွယ်ပေးနိုင်သော နည်းလမ်းတစ်ခုဖြစ်သည့်အတွက် စောစီးစွာ အကာအကွယ်ရယူထားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

အသက်အာမခံကို ဘယ်အသက်အရွယ်တွင် စတင်ထားရှိနိုင်ပါသလဲ။

အသက်အာမခံ ကို ရင်သွေးငယ်မှစ၍ အသက်အရွယ်မရွေး ဝယ်ယူနိုင်ပါသည်။ မသေချာမရေရာမှုများသည် ဘဝတစ်လျှောက်လုံးတွင် ကြုံတွေ့လာနိုင်သည့်အတွက် စောစီးစွာအသက်အာမခံအကာအကွယ်ရယူထားခြင်းသည်အသင့်တော်ဆုံးပဲဖြစ်ပါသည်။

ဘာလို့ အသက်အာမခံထားသင့်သလဲ။

အသက်အာမခံသည် အသက်ဆုံးပါးခြင်း၊ မသန်စွမ်းဖြစ်ခြင်း (သို့မဟုတ်) ပြင်းထန်ရောဂါများကြောင့် ဖြစ်ပေါ်လာသောကိစ္စရပ်များ၏ ကုန်ကျစရိတ်များမှ မိသားစုနှင့် မှီခိုနေသူများအတွက် ငွေကြေးအရ အကာအကွယ်ပေးနိုင်သည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ အသက်အာမခံသည် သင်မရှိတော့သည့်အချိန်တွင် သင်ချေးယူထားသော အကြွေးများအားဆပ်နိုင်ရန် (ပေါင်နှံခြင်းများအပါအဝင်)၊ သင့်ကလေးများ၏အနာဂတ်ပညာရေးအတွက် ပေးချေနိုင်ရန်နှင့် သင့်မိသားစုအနေနှင့် လက်ရှိနေထိုင်သော လူနေမှုအဆင့်အတန်းအတိုင်း ဆက်လက်နေထိုင်နိုင်ရန် ကူညီပေးပါသည်။ ဒါ့အပြင် ကျန်းမာခြင်းသုခနှင့် ပြည့်စုံပါကလည်း သင့်အနေနဲ့ စုဆောင်းမှုတစ်ခုအဖြစ်ကျန်ရှိနေမှာဖြစ်ပါသည်။

အသက်အာမခံမှ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။

အသက်အာမခံ သည် သင်နှင့် သင်ချစ်ခင်ရသူများအတွက် ငွေကြေးလုံခြုံမှု နှင့် စိတ်အေးချမ်းမှုကို ပေးနိုင်သော အကျိုးကျေးဇူးများစွာရှိပါသည်။ ၎င်းသည် အသက်အာမခံရယူထားသူ အသက်ရှင်နေထိုင်စဥ်ကာလအတွင်း ဘဝ၏ မသေချာမရောမှုများမှ ငွေကြေးကာကွယ်မှုပေးနိုင်သည့်အပြင် တစ်ချိန်တည်းမှာပင် ငွေကြေးစုဆောင်းမှုတစ်ခုအဖြစ်လည်း ရရှိနိုင်မှာဖြစ်ပါသည်။  ဒါ့အပြင် ဝင်ငွေခွန်သက်သာခွင့် နှင့် ငွေကြေးအာမခံချက်ကိုလည်းရရှိစေပါသည်။

အသက်အာမခံအား ဘယ်သူတွေဝယ်ယူလို့ရပါသလဲ။

အာမခံပေါ်လစီအရ သတ်မှတ်ထားသော အသက်ကန့်သတ်ချက်အတွင်းရှိ မည်သူမဆို  အသက်အာမခံဝယ်ယူနိုင်ပါသည်။ (သို့) တရားဝင်အုပ်ထိန်းသူမှတစ်ဆင့် ဝယ်ယူထားရှိနိုင်ပါသည်။