Dai-ichi Life

ပရီမီယံကြေးပေးသွင်းခြင်း

ပရီမီယံကြေးကိုဘယ်လိုပေးသွင်းနိုင်မည်နည်း။

၀၁။

ဘဏ်ခွဲများ၊ ဘဏ်အေးဂျင့်များ

  • ဘဏ်ခွဲများသင်နှင့်အနီးဆုံးတွင်ရှိသည့် KBZ ဘဏ် AYA ဘဏ်၊ CB ဘဏ်၊ MOB ဘဏ်(သို့) Yoma ဘဏ် တို့၏ ဘဏ်ခွဲများတွင် ငွေသား (သို့) ချက်လက်မှတ်ဖြင့် ပရီမီယံကြေးပေးချေနိုင်ပါသည်။ ဘဏ်ခွဲသို့ရောက်လျှင် Dai-ichi Life Insurance Myanmar သို့ပရီမီယံကြေးပေးသွင်းလိုကြောင်း နှင့် လျှောက်လွှာအမှတ် (သို့) ပေါ်လစီအမှတ်ကို ဘဏ်ဝန်ထမ်းကိုပြောပြပါ။  ချက်လက်မှတ်နှင့်ပေးသွင်းမှုအတွက်ဘဏ်လုပ်ငန်းဆောင်ရွက်မှုအရ ချက်လက်မှတ်ရှင်းလင်းရေးလုပ်ငန်းစဥ်ကို လုပ်ဆောင်ရန်လိုအပ်ပါသည်။
  • KBZPay (သို့) AYAPay(သို့) MABဘဏ်အေးဂျင့်များ နီးစပ်ရာ ဘဏ်အေးဂျင့်များ၌လည်း လျှောက်လွှာအမှတ် (သို့) ပေါ်လစီအမှတ်ကို ပြောပြ၍ ပရီမီယံကြေးပေးသွင်းနိုင်ပါသည်။

၀၂။

အင်တာနက်၊ မိုဘိုင်းဘဏ်အပ်ပလီကေးရှင်း

KBZPay နှင့် KBZ မိုဘိုင်းဘဏ်အပ်ပလီ‌‌ကေးရှင်းဖြင့် ပေးချေမှုများအတွက် –

  1. Quick Pay ကိုရွေးချယ်ပါ။
  2. Insurance ကို ထပ်မံရွေးချယ်ပြီး Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
  3. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။

AYA အင်တာနက်၊ မိုဘိုင်းဘဏ်အပ်ပလီ‌‌ကေးရှင်းဖြင့် ပေးချေမှုများအတွက် –  

  1. Bill Payment ကို ရွေးချယ်ပါ။
  2. Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။  
  3. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။ 

CBPay ဖြင့် ပေးချေမှုများအတွက် –  

  1. Pay Bill ကို ရွေးချယ်ပါ။
  2. Insurance Payment ကို ထပ်မံ‌ရွေးချယ်ပါ။
  3. Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
  4. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။

MAB ဘဏ်မိုဘိုင်းအပ်ပလီကေးရှင်းဖြင့် ပေးချေမှုများအတွက် – 

  1. Payment စာမျက်နှာရှိ Insurance ကို ရွေးချယ်ပါ။ 
  2. One-time Payment ကို ထပ်မံ‌ရွေးချယ်ပါ။
  3. Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
  4. Outlet နေရာ၌ Premium Payment ကိုရွေးချယ်ပါ။
  5. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။

Yoma ဘဏ် DC အပ်ပလီကေးရှင်းဖြင့် ပေးချေမှုများအတွက် – 

  1. Pay Bill ကို ရွေးချယ်ပါ။
  2. Biller Selection ကို ထပ်မံ‌ရွေးချယ်ပါ။
  3. Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
  4. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။

Yoma ဘဏ် DC အပ်ပလီကေးရှင်းဖြင့် ပေးချေမှုများအတွက် –  

  1. Bill Payment စာမျက်နှာကို ရွေးချယ်ပါ။
  2. Health & Insurance ကို ထပ်မံ‌ရွေးချယ်ပါ။
  3. Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
  4. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။

၀၃။

Standing Order/Direct Debit ပြုလုပ်ခြင်း

  • ပရီမီယံကြေးပေးချေမှုပြုလုပ်ရာတွင် အချိန်ကုန်သက်သာစေရန်အတွက် KBZဘဏ် အင်တာနက်၊ မိုဘိုင်း အပ်ပလီကေးရှင်း ၊ CB ဘဏ် အင်တာနက်၊ မိုဘိုင်း အပ်ပလီကေးရှင်း (သို့)ဘဏ်ခွဲများ ၊ MAB ဘဏ်အင်တာနက်ငွေလွှဲဝန်ဆောင်မှု နှင့် MOB ဘဏ်ခွဲများ တို့တွင် အလိုအလျောက်ငွေပေးချေခြင်းစနစ်ကို လုပ်ဆောင်ထားရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။ 

၀၄။

Dai-ichi Life Customer Service Counter or Dai-ichi Life Experience Centre (DLEC)

  • ငွေသားဖြင့်ပေးသွင်းရန် ခွင့်ပြုထားသော HtarWa-Ra Edu Goal ပေါ်လစီအတွက် Dai-ichi Life Insurance Myanmar Customer Service Counter များ(သို့) Dai-ichi Life Experience Centre(DLEC) တွင် ကိုယ်တိုင်လာရောက်၍ ပေါ်လစီတစ်ခုလျှင် ငွေသားဖြင့် တစ်ကြိမ်လျှင် အများဆုံး ၂၀၀,၀၀၀ ကျပ်အထိ (သို့မဟုတ်) ချက်လက်မှတ်ဖြင့် ပမာဏအကန့်အသတ်မရှိပေးသွင်းနိုင်ပါသည်။ 

    ကျွန်တော်တို့အသက်အာမခံကိုယ်စားလှယ်များသည် အသက်အာမခံဝယ်ယူသူများထံမှငွေသားတိုက်ရိုက်ကောက်ခံခြင်းမရှိပါ။

မှတ်ချက်:

  • လူကြီးမင်းအနေဖြင့် ပရီမီယံကို အချိန်မှီပေးသွင်းခြင်း မရှိပါက ပေါ်လစီပျက်ပြယ်မည်ဖြစ်ပြီး ထိုသို့ ပျက်ပြယ်နေစဉ်ကာလအတွင်း ပေါ်လစီစည်းကမ်းသတ်မှတ်ချက်များအရ မည်သည့်အကျိုးခံစားခွင့်ကိုမှ ရရှိမည် မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ သို့ဖြစ်ပါ၍ Dai-ichi Life က အီးမေးလ်နှင့် SMS မှတဆင့် ပေးပို့မည့် ပရီမီယံပေးသွင်းရန် အကြောင်းကြားစာများတွင် ဖော်ပြထားသည့်အတိုင်း သတ်မှတ်ရက်အတွင်း ပရီမီယံ ပေးသွင်းရန် လိုအပ်ပါသည်။
  • ပေါ်လစီပြန်လည်တည်မြဲစေရန် လျှောက်ထားလာပါက လူကြီးမင်း၏ ပျက်ပြယ်ပြီး ပေါ်လစီအတွက် ပေးသွင်းရန် ကျန်ရှိနေသည့် ပရီမီယံများအားလုံးကို ပေးသွင်းရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ဖွင့်ဟကြေညာလွှာနှင့် ပေါ်လစီပြန်လည်တည်မြဲစေရန် အဆိုပြုလွှာ ကိုပါ ပူးတွဲတင်ပြရမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Dai-ichi Life က အသက်အာမခံထားသူ၏ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများကို ကြည့်ရှုှုန် လိုအပ်ပါက ပြည့်စုံစွာ ပေးပို့တင်ပြရန် တာဝန်ရှိပါသည်။
  • သက်တမ်းဆက် ပရီမီယံပေးသွင်းမည် ဆိုပါက ပေါ်လစီအမှတ်ကို မှန်ကန်စွာ ဖော်ပြရမည်ဖြစ်ပြီး ကနဦးပရီမီယံ ပေးသွင်းခြင်းအတွက် အဆိုလွှာအမှတ်ကို ဖော်ပြပေးရပါမည်။ မှန်ကန်သော ပေါ်လစီအမှတ်/အဆိုလွှာအမှတ်ကို ဖော်ပြခြင်း မရှိပါက Dai-ichi Life အနေဖြင့် ပရီမီယံပေးသွင်းမှုကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိကြောင်းကို လေးစားစွာ အသိပေးအပ်ပါသည်။
  • တစ်ခုထက်ပိုသော ပေါ်လစီများအတွက် ပရီမီယံ ပေးသွင်းမည် ဆိုပါက မှတ်ချက်ရေးရန် နေရာတွင် ထိုပေါ်လစီအမှတ်များကို ရေးသားပေးရန် လိုအပ်ပါသည်။
  • အသက်အာမခံဝယ်ယူသူအနေဖြင့် ပရီမီယံကို ကိုယ်တိုင် မပေးသွင်းဘဲ ကိုယ်စားပေးသွင်းမည်ဆိုပါက ထိုကိုယ်စားပေးသွင်းမည့်သူသည် မည်သူဖြစ်ကြောင်း (ဆွေမျိုးအရင်းအချာနှင့် အခြားသတ်မှတ်ထားသူများသာ ဖြစ်ရပါမည်) အသိပေးရပါမည်။ အကယ်၍ ကိုယ်စားပေးသွင်းသူသည် ဆွေမျိုးအရင်းအချာ မဟုတ်ပါက ‘ ပရီမီယံကိုယ်စားပေးသွင်းမည့်သူ၏ ဖွင့်ဟကြေညာလွှာ ’ ကို ဖြည့်စွက်ရမည် ဖြစ်ပြီး အကြောင်းပြချက်ကိုပါ တပါတည်း ဖော်ပြရပါမည်။