Dai-ichi Life

Dai-ichi Life Insurance Myanmar ၏ အကြောင်း

Dai-ichi Life Insurance Myanmar သည် ဂျပန်နိုင်ငံရှိ ထိပ်တန်း အသက်အာမခံကုမ္ပဏီဖြစ်သည့် Dai-ichi Life Group ၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါသည်။ Dai-ichi Life Group သည် နှစ်ပေါင်း (၁၂၁) ကျော်ကြာ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း (၁၀) နိုင်ငံမှကာစတန်မာများနှင့်သူတို့၏မိသားစုဝင်များကိုအသက်အာမခံဝန်ဆောင်မှုများနှင့်အနာဂတ်အတွက်အာမခံချက်ရှိသည့်ငွေကြေးဆိုင်ရာအကာအကွယ်ရရှိစေသည့်ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

၂၀၁၉ ခုနှစ်တွင် Dai-ichi Life Insurance Myanmar သည် မြန်မာနိုင်ငံရှိ ပြည်သူများအတွက်လည်း ကမ္ဘာ့အဆင့်မှီ အသက်အာမခံဝန်ဆောင်မှုအား ပေးဆောင်နိုင်ရန် တရားဝင်လုပ်ငန်းလိုင်စင်ကို ရရှိခဲ့ပါသည်။  “Customer First” ဟူသည့် ခံယူချက်အတိုင်း မြန်မာနိုင်ငံရှိ ကျွန်တော်တို့၏ အသက်အာမခံလုပ်ငန်းကိုလည်း ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်မီ ဝန်ထမ်းများနှင့်အတူ Dai-ichi Life ၏ နှစ်ပေါင်း ၁၂၁ အတွေ့အကြုံရှိသည့် ဝန်ဆောင်မှုများနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ကျန်းမာပျော်ရွှင် စိတ်အေးချမ်းရခြင်းတို့ကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်တော်တို့၏ ခံယူချက်

“ထာဝရသင်နှင့်အတူ”

Dai-ichi Life Group ကို စတင် တည်ထောင်သည့် (၁၉၀၂) ခုနှစ်မှစပြီး “Customer First” ဟူသည့် ခံယူချက်အတိုင်း ကာစတန်မာများကို အစဥ် ဦးစားပေးအလေးထားလျက်ရှိပါသည်။ အဆိုပါခံယူချက်မှ တစ်ဆင့် လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းကို အသက်အာမခံနှင့်ပတ်သက်သည့် ဝန်ဆောင်မှုများပေးခြင်းဖြင့် စိတ်ချမ်းသာမှုရရှိအောင် လုပ်ဆောင်ပေးလျက်ရှိပါသည်။

Dai-ichi Life Insurance Myanmar သည်လည်း Dai-ichi Life Group ၏ ခံယူချက်အတိုင်း ကျွန်တော်တို့၏ ကာစတန်မာများနှင့် သူတို့ချစ်ခင်ရသူတွေ၏အနာဂတ်ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ထာဝရဘေးမှာရပ်တည်ပေးသွားမှာဖြစ်ပါသည်။

ကျွန်တော်တို့၏ ဦးတည်ချက်

Protect and improve the well-being of all

Dai-ichi Life Insurance Myanmar အနေနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားမျာ၏ ကျန်းမာပျော်ရွှင်မှုနှင့် စိတ်အေးချမ်းသာမှုတွေကို ကာကွယ်ပေးမည့် ပထမဦးစားပေး ရွေးချယ်နိုင်သော အသက်အာမခံကုမ္ပဏီတစ်ခု ဖြစ်လာရန်ရည်ရွယ်ပါသည်။

ကျွန်တော်တို့၏ ဦးတည်ချက်

Protect and improve the well-being of all

Dai-ichi Life Insurance Myanmar အနေနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားမျာ၏ ကျန်းမာပျော်ရွှင်မှုနှင့် စိတ်အေးချမ်းသာမှုတွေကို ကာကွယ်ပေးမည့် ပထမဦးစားပေး ရွေးချယ်နိုင်သော အသက်အာမခံကုမ္ပဏီတစ်ခု ဖြစ်လာရန်ရည်ရွယ်ပါသည်။

ကျွန်တော်တို့ အလေးထားသည့်အချက်များ

သမာဓိရှိခြင်း

နှစ်ပေါင်း(၁၂၁)နှစ် သက်တမ်းရှိသောအတွေ့အကြုံများနှင့်ကျွမ်းကျင်မှုရှိသော Dai-ichi Life Group ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကျွန်တော်တို့၏ လုပ်ငန်းအခြေခံအုတ်မြစ် ရှင်သန်တိုးတက်နိုင်ရန်အတွက် သမာဓိရှိခြင်းသည် လွန်စွာအရေးကြီးကြောင်း လက်ခံယုံကြည်ထားပါသည်။

စိတ်အားထက်သန်ခြင်း

ကျွန်တော်တို့လုပ်ဆောင်မှုများသည် “People First” ဟူသည့် ခံယူချက်အတိုင်း ကာစတန်မာများအား ပထမဦးစားပေးနေရာတွင်ထားရှိပြီး စိတ်အေးချမ်းသာမှုနှင့် ငွေကြေးလုံခြုံမှုပိုင်းဆိုင်ရာဝန်ဆောင်မှုများအား အကောင်းမွန်ဆုံးပေးစွမ်းနိုင်စေရန် ကျွန်တော်တို့အနေနှင့် စိတ်အားထက်သန်လျက်ရှိပါသည်။

တာဝန်ခံမှုရှိခြင်း

အသက်အာမခံလုပ်ငန်းတစ်ခုအနေဖြင့် ကျွန်တော်တို့သည် ကာစတန်မာများ၏ ကျွန်တော်တို့အပေါ် ထားရှိသော ယုံကြည်မှုကို တန်ဖိုးထားကာ ထိုယုံကြည်မှုနှင့် တာဝန်ခံမှုတို့သည် အတူဒွန်တွဲရှိနေသည်ဟု ယုံကြည်ပါသည် ။

ပူးပေါင်းဆောင်ရွက်ခြင်း

ခိုင်မာသောအဖွဲ့အစည်းတစ်ခု၏ အခြေခံအုတ်မြစ်ကို ကောင်းမွန်စွာတည်ထောင်ထားနိုင်ခြင်းသည် ကျွန်တော်တို့၏ပန်းတိုင်များ၊ ခံယူချက်နှင့် ဦးတည်ချက်များကို အောင်မြင်စေနိုင်သည်ဟု အကြွင်းမဲ့ယုံကြည်ပါသည်။

သတ္တိရှိစွာလုပ်ဆောင်ခြင်း

ထာဝရသင်နှင့်အတူဟူသော ကျွန်တော်တို့၏ ကတိစကားအတိုင်း အခက်အခဲများကို အတူတူကျော်လွှားလုပ်ဆောင်နိုင်မည်မှာ မလွဲမသွေပင်ဖြစ်ပါသည်။

ကျွန်တော်တို့၏ ကတိစကား

“People First”

“People First” ဟူသည့် ခံယူချက်ကို ဦးစားပေးအလေးထားသော အသက်အာမခံလုပ်ငန်းတစ်ခုအနေဖြင့် Dai-ichi Life Insurance Myanmar သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ အားအထားရဆုံး အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်လာရန် မျှော်မှန်းပါသည်။