Dai-ichi Life

သင်၏လိုအပ်ချက်များနှင့် ကိုက်ညီမည့် ကာကွယ်မှုကို ရယူပါ

ဘာဖြစ်လို့ အသက်အာမခံထားရှိဖို့ လိုအပ်ပါသလဲ။

အများစုက အသက်အာမခံသည် တစ်စုံတစ်ရာဖြစ်မှသာ ထားရှိသင့်သည်ဟု လွဲမှားထင်မြင်တတ်ကြပါသည်။ တကယ်တမ်းတွင် ကျန်းကျန်းမာမာ လုပ်နိုင်ကိုင်နိုင်ရှိနေသေးသောအချိန်တွင် အသက်အာမခံကို စတင်ထားရှိသင့်ပြီး မမျှော်လင့်ထားသောအခြေအနေများဖြစ်သည့်  သေဆုံးခြင်း၊ပြင်းထန်ရောဂါခံစားရခြင်း၊ထာဝစဉ်မသန်စွမ်းခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သောငွေကြေးဆုံးရှုံးခြင်းမှ ကာကွယ်ရန်အတွက်အသက်အာမခံကို ဝယ်ယူထားရှိသင့်ပါသည်။

ကျွန်တော်တို့အနေနှင့် မသေချာမှုတွေမှ ကာကွယ်နိုင်ရန် ကြိုတင်စီစဉ်မှုများ ထားရှိသင့်ပြီး ဝင်ငွေနှင့် အနာဂတ်အိပ်မက်တွေကို ရှောင်လွှဲလို့မရသော အန္တရာယ်များမှ ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

မိသားစုများကို
ငွေကြေး
အကာအကွယ်ပေးခြင်း

သင့်အနာဂတ်အတွက်
ကြိုတင်ငွေစုဆောင်းခြင်း

သင့်ရင်သွေးငယ်အတွက်
ပညာရေးပန်းတိုင်များကို
ဖြည့်ဆည်းပေးခြင်း