Dai-ichi Life

ကျွန်တော်တို့ Employee Benefit Program ကို ဝယ်ယူသင့်သည့်အချက်များ

စိတ်အေးချမ်းသာမှု ရရှိစေခြင်း

သင့်ဝန်ထမ်းများနှင့် သူတို့ချစ်ခင်ရသူများအတွက် ငွေကြေးဆိုင်ရာလုံခြုံမှုပေးနိုင်ပါသည်။

ပြီးပြည့်စုံသောအကာအကွယ်ပေးခြင်း

သင့်တင့်မျှတသော ငွေကြေးပမာဏဖြင့် ကြုံတွေ့လာနိုင်သော မတော်တဆဖြစ်ရပ်များကို ကာကွယ်မှု အပြည့်အဝပေးထားခြင်းဖြင့် သင့်ဝန်ထမ်းများ၏ ငွေကြေးဆိုင်ရာအနာဂတ်ကိုကာကွယ်ပေးနိုင်ခြင်း။

ဝန်ထမ်းများ ရေရှည်တည်တံ့မှုအတွက် အထောက်အကူပြုခြင်း

ရိုးရှင်းပြီး လွယ်ကူသောစာရင်းသွင်းမှုများဖြင့် သင့်ဝန်ထမ်းများအတွက် ကာကွယ်မှုအကျိုးခံစားခွင့် အပြည့်အဝရရှိစေသောကြောင့် ဝန်ထမ်းအင်အားတည်ဆောက်နိုင်ခြင်းနှင့်အတူ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း ရေရှည်တည်တံ့မှုရှိစေခြင်း

စိတ်အေးချမ်းသာမှု ရရှိစေခြင်း

သင့်ဝန်ထမ်းများနှင့် သူတို့ချစ်ခင်ရသူများအတွက် ငွေကြေးဆိုင်ရာလုံခြုံမှုပေးနိုင်ခြင်း

ပြီးပြည့်စုံသောအကာအကွယ်ပေးခြင်း

သင့်တင့်မျှတသော ငွေကြေးပမာဏဖြင့် ကြုံတွေ့လာနိုင်သော မတော်တဆဖြစ်ရပ်များကို ကာကွယ်မှု အပြည့်အဝပေးထားခြင်းဖြင့် သင့်ဝန်ထမ်းများ၏ ငွေကြေးဆိုင်ရာအနာဂတ်ကိုကာကွယ်ပေးနိုင်ခြင်း

ဝန်ထမ်းများ ရေရှည်တည်တံ့မှုအတွက် အထောက်အကူပြုခြင်း

ရိုးရှင်းပြီး လွယ်ကူသောစာရင်းသွင်းမှုများဖြင့် သင့်ဝန်ထမ်းများအတွက် ကာကွယ်မှုအကျိုးခံစားခွင့် အပြည့်အဝရရှိစေသောကြောင့် ဝန်ထမ်းအင်အားတည်ဆောက်နိုင်ခြင်းနှင့်အတူ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း ရေရှည်တည်တံ့မှုရှိစေခြင်း

အာမခံထားရှိရန်အတွက် လိုအပ်သည့်အချက်များ

Dai-ichi Guard (အဖွဲ့လိုက်အာမခံ)

အာမခံထားရှိနိုင်သည့်အသက်အပိုင်းအခြား
အသက် ၁၈ - ၆၄ နှစ်
အာမခံပေါ်လစီသက်တမ်း
၁ နှစ် (သက်တမ်းတိုးနိုင်ခြင်း)​
ပရီမီယံသက်တမ်း
၁ နှစ် (သက်တမ်းတိုးနိုင်ခြင်း)​
အဖွဲ့တစ်ဖွဲ့အတွက် အနည်းဆုံး အာမခံထားရှိနိုင်သည့် ငွေပမာဏ
ငွေကျပ် သိန်း (၅၀)
အဖွဲ့တစ်ဖွဲ့အတွက် အနည်းဆုံး အာမခံထားရှိရန် လူအရေအတွက်
၁၀ ဦး
အကျိုးခံစားခွင့်
သေဆုံးခြင်း (သို့) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံထားရှိသောငွေပမာဏ၏ ၁၀၀% အကျိုးခံစားခွင့် ရရှိနိုင်ပါသည်။

Dai-ichi Active Care (အဖွဲ့လိုက်အာမခံ)

အာမခံထားရှိနိုင်သည့်အသက်အပိုင်းအခြား
အသက် ၁၈ - ၆၄ နှစ်
အာမခံပေါ်လစီသက်တမ်း
၁ နှစ် (သက်တမ်းတိုးနိုင်ခြင်း)​
ပရီမီယံသက်တမ်း
၁ နှစ် (သက်တမ်းတိုးနိုင်ခြင်း)​
အဖွဲ့တစ်ဖွဲ့အတွက် အနည်းဆုံး အာမခံထားရှိနိုင်သည့် ငွေပမာဏ
ငွေကျပ် သိန်း (၅၀)
အဖွဲ့တစ်ဖွဲ့အတွက် အနည်းဆုံး အာမခံထားရှိရန် လူအရေအတွက်
၁၀ ဦး
အကျိုးခံစားခွင့်
  • မတော်တဆသေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်းနှင့် ဆေးရုံတက်ရာတွင် ကုန်ကျသည့်စရိတ်များပေးချေခြင်းတို့အတွက် အကျိုးခံစားခွင့် ရရှိခြင်း။
  • အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးဖြင့် ခရီးသွားနေစဉ် မတော်တဆဖြစ်ရပ်ကြောင့် သေဆုံးခြင်း အတွက် ထပ်တိုး ၁၀၀% အကျိုးခံစားခွင့် ရရှိခြင်း။

Dai-ichi CI Plus (အဖွဲ့လိုက်အာမခံ)

အာမခံထားရှိနိုင်သည့်အသက်အပိုင်းအခြား
အသက် ၁၈ - ၆၀ နှစ်
အာမခံပေါ်လစီသက်တမ်း
၅ နှစ် (သက်တမ်းတိုးနိုင်ခြင်း)​
ပရီမီယံသက်တမ်း
၅ နှစ် (သက်တမ်းတိုးနိုင်ခြင်း)​
အဖွဲ့တစ်ဖွဲ့အတွက် အနည်းဆုံး အာမခံထားရှိနိုင်သည့် ငွေပမာဏ
ငွေကျပ် သိန်း (၅၀)
အဖွဲ့တစ်ဖွဲ့အတွက် အနည်းဆုံး အာမခံထားရှိရန် လူအရေအတွက်
၁၀ ဦး
အကျိုးခံစားခွင့်များ
  1. အသက်သေဆုံးခြင်းနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းတို့အတွက် အာမခံထားရှိသော ငွေပမာဏ၏ ၁၀၀ % (မှ ယခင်ရရှိပြီးသော အကျိုးခံစားခွင့်နုတ်၍) အကျိုးခံစားခွင့်ရှိခြင်း။
  2. ကနဦးအဆင့် ပြင်းထန်ရောဂါဝေဒနာများအတွက် အာမခံထားရှိသော ငွေပမာဏ၏ ၂၅ %၊ နှောင်းပိုင်းအဆင့် ပြင်းထန်ရောဂါများအတွက် အာမခံထားရှိသော ငွေပမာဏ၏ ၁၀၀ % (ယခင်ရရှိပြီးသော အကျိုးခံစားခွင့်နုတ်၍) အကျိုးခံစားခွင့်ရှိခြင်း။

Dai-ichi Health CARE (အဖွဲ့လိုက်အာမခံ)

အာမခံထားရှိနိုင်မည့်အသက်အပိုင်းအခြား
အသက် ၁၈ - ၆၀ နှစ်
အာမခံပေါ်လစီသက်တမ်း
၁ နှစ် (သက်တမ်းတိုးနိုင်ခြင်း)​
ပရီမီယံသက်တမ်း
၁ နှစ် (သက်တမ်းတိုးနိုင်ခြင်း)​
တစ်ဦးချင်းစီအတွက် အာမခံထားနိုင်သော အနည်းဆုံး ပမာဏ
ငွေကျပ် သိန်း (၂၀)
အာမခံထားသော အနည်းဆုံး လူဦးရေ
၁၀ ဦး
အကျိုးခံစားခွင့်များ
  • ဆေးကုသမှု အကျိုးခံစားခွင့်များအတွက် နှစ်စဉ်ကန့်သတ်ချက်ပမာဏ (ဆေးရုံတက်ခြင်း၊ ဆေးရုံမတက်မီနှင့် ဆေးရုံဆင်းပြီး ကုသမှု၊ ပြင်ပလူနာဌာနတွင် ပြသကုသမှု)
  • သေဆုံးမှု အကျိုးခံစားခွင့်
  • မတော်တဆမှုကြောင့် သေဆုံးမှု အကျိုးခံစားခွင့်
  • ထပ်တိုး ပြင်ပလူနာဌာနတွင် ပြသကုသမှု အကျိုးခံစားခွင့်များအတွက် နှစ်စဉ်ကန့်သတ်ချက်ပမာဏ (အထွေထွေ/ အထူးကု ဆရာဝန်ဖြင့် ပြသခြင်း၊ ရောဂါရှာဖွေ/ ဓာတ်ခွဲခန်း ဆေးစစ်ခြင်း)

သင့်အတွက် မည်သည့်အာမခံအစီအစဉ်က အကောင်းဆုံးဖြစ်နိုင်မလဲဆိုတာ ဝေခွဲမရဖြစ်နေပါသလား။ ကျွန်တော်တို့၏ Financial Planner များမှ သင့်လိုအပ်ချက်နှင့် အကိုက်ညီဆုံးဖြစ်မည့် အသက်အာမခံဝန်ဆောင်မှုကို နားလည်သဘောပေါက်ပြီး သေချာရွေးချယ်ရယူနိုင်စေရန် ကူညီဆောင်ရွက်ပေးပါလိမ့်မည်။

အောက်တွင်ဖော်ပြထားသည့် “ဆက်သွယ်ရန်” ဖောင်ကိုဖြည့်ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

အခုပဲ ဆက်သွယ်လိုက်ပါ

မည်သည့်အာမခံအစီအစဉ်က သင်နှင့် အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ကျွန်တော်တို့၏ Financial Planner များမှ အကြံဉာဏ်ပေးပါရစေ။

Let's Connect MM