Dai-ichi Life

အကျိုးခံစားခွင့်တောင်းခံခြင်း

အသက်အာမခံ
လျော်ကြေးတောင်းခံခြင်း

၀၁။

အကျိုးခံစားခွင့် တောင်းခံခြင်းကို မည်သို့ပြုလုပ်ရမည်နည်း။

အကျိုးခံစားခွင့် တောင်းခံသူ အနေဖြင့် အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း Dai-ichi Life Insurance Myanmar သို့ ဆက်သွယ်တောင်းခံနိုင်ပါသည်။

  • Hotline နံပါတ်များမှ ဆက်သွယ်ခြင်း

၁။ ကျန်းမာရေးဆိုင်ရာ အကျိုးခံစားခွင့် တောင်းခံမှုများအတွက် +၉၅ ၉၇ ၇၄၇၇ ၇၇၃၃ 
၂။ အသက်အာမခံဆိုင်ရာ အကျိုးခံစားခွင့် တောင်းခံမှုများအတွက် +၉၅ ၉၇ ၇၈၈၀ ၇၀၀၀

  • အီးမေးလ်မှတဆင့် ဆက်သွယ်ခြင်း

၁။ ကျန်းမာရေးဆိုင်ရာ အကျိုးခံစားခွင့် တောင်းခံမှုများအတွက် – healthclaim@daiichilife.com.mm

၂။ အသက်အာမခံဆိုင်ရာ အကျိုးခံစားခွင့် တောင်းခံမှုများအတွက် – customercare@daiichilife.com.mm

  • Esperado Tower ရှိ Dai-ichi Sales Office ထံ ဆက်သွယ်ခြင်း (သို့မဟုတ်) Sule Square Office Tower ရှိ Dai-ichi Life Experience Centre (DLEC) သို့ ဆက်သွယ်ခြင်း
  • ပိုမိုရင်းနှီးနွေးထွေးသည့် ဝန်ဆောင်မှုကို ရယူလိုပါက သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များ မှတဆင့် ဆက်သွယ်ခြင်း

၀၂။

လိုအပ်သော စာရွက်စာတမ်းများ

အကျိုးခံစားခွင့်တောင်းခံမှုအားလုံးအတွက်

  • ပြည့်စုံစွာ ဖြည့်စွက်ထားသော ‘အကျိုးခံစားခွင့် တောင်းခံလွှာ’
  • အသက်အာမခံလက်မှတ်မူရင်း (နှင့် ထပ်တိုးအကျိုးခံစားခွင့် ပေါ်လစီထောက်ခံချက်စာလွှာ)
  • အကျိုးခံစားခွင့် တောင်းခံခြင်းကို စိစစ်အတည်ပြုရာတွင် လိုအပ်မည့် အခြားစာရွက်စာတမ်း/အချက်အလက်များ (လိုအပ်ခဲ့လျှင်)
သေဆုံးမှု အကျိုးခံစားခွင့် တောင်းခံမှုအတွက်
  • သေစာရင်းမိတ္တူ သို့မဟုတ် ရင်ခွဲမှတ်တမ်း မူရင်း (ရှိခဲ့လျှင်)

ထာဝစဉ် မသန်မစွမ်းဖြစ်မှု အကျိုးခံစားခွင့် တောင်းခံမှုအတွက်

  • ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း အတည်ပြုစာ၊ ဆေးမှတ်တမ်း/အစီရင်ခံစာနှင့် ကုသမှု မှတ်တမ်းများအားလုံး (အစိုးရအသိအမှတ်ပြုဆေးရုံ၏ ထောက်ခံချက် ပါရှိသော မိတ္တူ သို့မဟုတ် မူရင်း)

ပြင်းထန်သော ရောဂါကုသမှု အကျိုးခံစားခွင့် /Active Care ပေါ်လစီအကျိုးခံစားခွင့် / ကျန်းမာရေး အကျိုးခံစားခွင့် (ဆေးကုသမှုစရိတ် ပြန်လည်တောင်းခံခြင်း အကျိုးခံစားခွင့်) တောင်းခံရာတွင် လိုအပ်သော စာရွက်စာတမ်း အထောက်အထားများ

  • အသက်အာမခံထားသူကို ကုသပေးသော ဆရာဝန်၏ ‌ထောက်ခံစာ ဆေးလက်မှတ် (သမားတော်/ခွဲစိတ်ဆရာဝန် သို့မဟုတ် အခြားသက်ဆိုင်ရာ အထူးကု ဆရာဝန်စသည်)
  • အသက်အာမခံထားသူ တက်ရောက်ကုသမှု ခံယူခဲ့သော ဆေးရုံ/ဆေးခန်းမှ ရယူရန် လိုအပ်သော စာရွက်စာတမ်းများ၊ အထူးကုဆရာဝန်၏ ထောက်ခံချက်များ
  • သက်ဆိုင်ရာ ဆေးခန်း/ဆေးရုံ/ဓါတ်ခွဲခန်း သို့မဟုတ် အခြားသက်ဆိုင်ရာ အဖွဲ့အစည်း/ဌာနမှ ထုတ်ပေးသော ထောက်ခံချက်/ဆေးမှတ်တမ်း စာရွက်များ (လိုအပ်ပါက)
  • မူရင်း ဆေးကုသမှုစရိတ် ပြေစာများ (ဆေးကုသမှုစရိတ် ပြန်လည်တောင်းခံခြင်း အကျိုးခံစားခွင့်အတွက်)

မှတ်ချက်:

  • အကျိုးခံစားခွင့် တောင်းခံရာတွင် အဆင်ပြေ၊ လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် စာရွက်စာတမ်း၊ အထောက်အထားများကို မှန်ကန်ပြည့်စုံစွာ တင်ပြပေးရန် လိုအပ်ပါသည်။
  • အကျိုးခံစားခွင့် တောင်းခံခြင်း ပြီးမြောက်မှု အနေအထားကို လိုအပ်သလို အကြောင်းကြားပေးသွားမည်ဖြစ်ပြီး ထပ်မံတောင်းခံသည့် အထောက်အထား၊ စာရွက်စာတမ်းများကိုလည်း လူကြီးမင်းက ပေးအပ်သွားရန် လိုအပ်ပါသည်။
  • အကျိုးခံစားခွင့် တောင်းခံခြင်းကို စစ်ဆေးအတည်ပြုပြီးသည့်နောက်တွင် Dai-ichi Life Insurance Myanmar အနေဖြင့် အကျိုးခံစားခွင့်ကို ထုတ်ပေးခြင်း (သို့မဟုတ်) အကျိုးခံစားခွင့် တောင်းခံသူ/အကျိုးခံစားခွင့်ရှိသူထံမှ လိုအပ်သော အချက်အလက်များကိုလည်း တောင်းခံသွားမည် ဖြစ်ပါသည်။

သေဆုံးမှု၊ ထာဝစဥ်မသန်စွမ်းဖြစ်မှုအာမခံ
အကျိုးခံစားခွင့်တောင်းခံလွှာ

ပြင်းထန်ရောဂါကုသမှုအာမခံ
အကျိုးခံစားခွင့်တောင်းခံလွှာ

မတော်တဆမှုအာမခံ အကျိုးခံစားခွင့်တောင်းခံလွှာ
(Dai-ichi Active Care)

ကျန်းမာရေးအာမခံ အကျိုးခံစားခွင့်တောင်းခံလွှာ
(Dai-ichi Health CARE)