Dai-ichi Life

သင့်ရင်သွေးငယ်၏ ပညာရေး

မိဘများအနေနှင့် မိမိတို့၏ ရင်သွေးငယ်များအတွက် အနာဂတ်ပညာရေး ကောင်းမွန်စေရန်၊ အပူအပင်ကင်းကင်းနှင့် အသက်မွေးဝမ်းကြောင်းတစ်ခု ဖန်တီးနိုင်ရန် လုံလောက်သော ငွေကြေးပမာဏအား အမြဲစုဆောင်းထားလိုကြပါသည်။ အသက်အာမခံပေါ်လစီတစ်ခုအနေနှင့် ရင်သွေးငယ်များကို အကျိုးခံစားခွင့်ရှိသူအနေဖြင့် ထားရှိနိုင်ပြီး ငွေကြေးစုဆောင်းခြင်းအပြင် အကာအကွယ်ထားရှိခြင်းကိုပါ အတူအကျိုးခံစားခွင့်ရရှိအောင် မိဘများအား ကူညီဆောင်ရွက်ပေးပါသည်။

မိဘများသည် မိမိတို့ရင်သွေးငယ်များ၏ပညာရေးအတွက် အာမခံဝယ်ယူရန် ဘာကြောင့် လိုအပ်ပါသလဲ။

မိဘများအနေဖြင့် မိမိတို့ရင်သွေးငယ်၏ အနာဂတ်ပညာရေးအတွက် ငွေကြေးကို စနစ်တကျ ကြိုတင်စုဆောင်းရန် ပြင်ဆင်ရာတွင် ထိုစုဆောင်းငွေကို ကာကွယ်မှုပေးသော အာမခံကိုဝယ်ယူရန် စဥ်းစားသင့်ပါသည်။

အကယ်၍ မိဘများ၌ မမျှော်လင့်ထားသောကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန်တွင်လည်း အာမခံထားရှိထားခြင်းဖြင့် မိမိရင်သွေးငယ်၏ပညာရေးကို ဆက်လက်သင်ကြားနိုင်စေရန် ကူညီပေးနိုင်ပါသည်။

ရင်သွေးငယ်များ၏အနာဂတ်ပညာရေးအတွက် အာမခံဝယ်ယူရန် ငွေကြေးခွဲဝေခြင်းသည် ဘယ်လောက်အရေးပါသလဲ။

ရင်သွေးငယ်များ၏ပညာရေးအတွက် အာမခံဝယ်ယူထားခြင်းသည် ရင်သွေးငယ်များ၏အနာဂတ်အတွက် စီစဥ်ပေးခြင်းကဲ့သို့ပင် များစွာအရေးပါပါသည်။ အာမခံဝယ်ယူထားခြင်းသည် မိဘတွေအနေနှင့် ရင်သွေးငယ်များ၏ အနာဂတ်ပညာရေးအတွက်လည်း ငွေကြေးအရ ကာကွယ်မှုပေးထားနိုင်ပြီး မမျှော်လင့်ထားသောကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန်တွင်လည်း ရင်သွေးငယ်များ၏ပညာရေးအတွက် စိုးရိမ်ပူပန်မှုမရှိစေရဘဲ ဆက်လက်ပညာသင်ကြားနိုင်မည်ဖြစ်ပါသည်။

 

ကျွန်တော်တို့၏ “Dai-ichi Life Insurance Myanmar” တွင် သင့်တော်သောငွေကြေးပမာဏနှင့် လိုအပ်သော အကာအကွယ်အပေါ်မူတည်၍ လိုက်ဖက်ညီမည့် အာမခံအစီအစဥ်များကို စီစဥ်ပေးထားပါသည်။ ကျွန်တော်တို့၏အရောင်းဌာနမှ ကျွမ်းကျင်သူများသည်လည်း သင်နှင့်သင့်မိသားစု၏ လိုအပ်ချက်များအပေါ် မူတည်၍ အကောင်းဆုံးသောငွေကြေးဆိုင်ရာကာကွယ်မှုများကို ကူညီအကြံပေးလျက်ရှိပါသည်။

ကျွန်တော်တို့၏ ဝန်ဆောင်မှုများ

ကျွန်တော်တို့၏ အသက်အာမခံဝန်ဆောင်မှုများသည် သင်နှင့် သင်ချစ်ခင်ရသူများကို ကြိုတင်ကာကွယ်နိုင်ဖို့၊ သင့်ရင်သွေး၏ အနာဂတ်ပညာရေးအတွက် အပူအပင်ကင်းစွာဖြင့် ပညာရေးဆုံးခန်းတိုင်စေနိုင်ဖို့အပြင် သင့်လိုအပ်ချက်နှင့် ကိုက်ညီသော အနာဂတ်ငွေကြေးစီမံခန့်ခွဲခြင်းတို့ကို ဝန်ဆောင်မှုပေးနိုင်ရန်ဖြစ်ပါသည်။ သင်နှင့် သင်ချစ်ရသူတွေ၏ စိတ်အေးချမ်းသာမှုကို Dai-ichi Life Insurance Myanmar အနေနှင့် အကောင်းဆုံးကူညီပေးသွားမည်ဖြစ်ပါသည်။