Dai-ichi Life

မိသားစုအနာဂတ်အတွက်
ငွေကြေးဆိုင်ရာကြိုတင်စီမံခြင်း

ကျွန်တော်တို့အားလုံးသည် မတူညီသော ဘဝအချိုးအကွေ့များမှ အတွေ့အကြုံများစွာကို လေ့လာသင်ယူရင်း ထိုအတွေ့အကြုံများမှတစ်ဆင့် သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်သောလူတစ်ဦး၊ တစ်ယောက်အဖြစ် ကြိုးစားနေကြခြင်းဖြစ်ပါသည်။ ကျွန်တော်တို့အနေနှင့် အသက် ၂၀ ဝန်းကျင်အရွယ်ဖြစ်စေ၊ တက္ကသိုလ်မှ ဘွဲ့ရပြီး အလုပ်ခွင်ထဲ စတင်ဝင်ရောက်တော့မည့်အချိန်ဖြစ်စေ၊ ရှေ့ဆက်ရမည့်အနာဂတ်အတွက် စတင်စဥ်းစားပြီး ရည်မှန်းချက်ပန်းတိုင်တစ်ခုကို ချမှတ်ရင်း ထိုပန်းတိုင်ကိုရောက်ရှိဖို့ရန်အတွက်လည်း ပြင်ဆင်ချက်များပြုလုပ်ခြင်းသည် ပုံမှန်သမားရိုးကျဖြစ်စဉ်တစ်ခုဖြစ်ပါသည်။

ထိုကဲ့သို့ ရည်မှန်းချက်ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ဖို့ရာ ကျွန်တော်တို့အနာဂတ်အတွက် ကြိုတင် ပြင်ဆင်ရာတွင် ငွေကြေးစီမံခန့်ခွဲတတ်ခြင်းသည် အလွန်တရာ အရေးကြီးပါသည်။ ထို့ကြောင့် ကျွန်တော်တို့အနေနှင့် ငွေကြေးစီမံခန့်ခွဲခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြရင်း အသက်အာမခံဝယ်ယူထားရှိခြင်းသည်လည်း ကျွန်တော်တို့၏ ရည်မှန်းချက်တွေအကောင်အထည်ဖော်ရာ၌ အရေးပါသောအခန်းကဏ္ဍမှာ ပါဝင်ကြောင်းဖော်ပြလိုပါသည်။

ငွေကြေးစီမံခန့်ခွဲမှုသည် ဘာကြောင့် အရေးပါသလဲ။

အသက်အာမခံထားရှိခြင်းသည် ကျွန်တော်တို့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ပေးနိုင်မလဲ။

သင်လုပ်ငန်းခွင်သို့
စတင်ဝင်ရောက်သည့်အခါ

သင်လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်သည့်အခါ

သင့်အနေနှင့် လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်သည့်အခါ ကားတစ်စီးဖြစ်စေ၊ ပိုမိုကောင်းမွန်သည့်ဖုန်းတစ်လုံးဖြစ်စေ၊ အိမ်အသစ်တစ်လုံးဖြစ်စေ စသည်ဖြင့် ဝယ်ယူလိုသောဆန္ဒများ ရှိကြပါသည်။ ထို့ကြောင့်အသက်အာမခံရယူထားခြင်းသည် သင့်အနေနှင့် သင်မရှိတော့သည့်အချိန်အခါမျိုးတွင် ချစ်ခင်ရသူများအား သင်ချေးယူထားသောငွေနှင့်ပတ်သက်၍ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးနိုင်ပါသည်။

သင်
အိမ်ထောင်ပြုသည့်အခါ

သင် အိမ်ထောင်ပြုသည့်အခါ

ချစ်မြတ်နိုးရသော အိမ်ထောင်ဖက်နှင့် လက်ထပ်ခြင်းသည် ဘဝ၏အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်ပြီး သင့်အနေနှင့်လည်း သင့်ဘဝ၏လက်တွဲဖော်ကို ပိုမိုကောင်းမွန်သောဘဝတစ်ခုကို ဖန်တီးပေးချင်မည်ဖြစ်ပါသည်။

“Dai-ichi Life Pro ” ဖြင့် အသက်အာမခံရယူထားခြင်းသည် သင့်အနာဂတ်အတွက်ငွေကြေး ကာကွယ်မှုပေးသလိုမမျှော်လင့်ဘဲဆုံးပါးသွားသည့်အချိန်တွင်လည်း  ကျန်ရှိသည့် မိသားစုဝင်အပေါ်မှာ ငွေကြေးအရ စိတ်ပူပန်မှုကင်းဝေးအောင်လည်းတစ်ခါတည်းကာကွယ်မှုပေးထားမှာပဲဖြစ်ပါသည်။

သင် အငြိမ်းစားပင်စင်
ယူသည့်အခါ

သင်အငြိမ်းစားပင်စင်ယူသည့်အခါ

ကျွန်တော်တို့ “Dai-ichi Life Insurance Myanmar” ၏ အသက်အာမခံဝန်ဆောင်မှုများ ထားရှိခြင်းဖြင့် သင်အငြိမ်းစားပင်စင်ယူတော့မည့်အချိန်တွင်လည်း လက်ရှိလူနေမှုပုံစံအတိုင်း ဆက်လက်နေထိုင်သွားနိုင်ရန် ကူညီပေးနိုင်ပါသည်။

ပေါင်းစပ်ထားသော အစီအစဉ်များ

ပေါင်းစပ်ထားသောအစီအစဥ်များသည် ဘာကိုဆိုလိုပါသလဲ။

ပေါင်းစပ်ထားသောအစီအစဥ်များသည် တစ်ဦးချင်းစီ၏ လိုအပ်ချက်ပေါ်မူတည်၍ ကိုက်ညီ‌သောအသက်အာမခံအစီအစဥ်များအား ‌ရွေးချယ်ဝယ်ယူနိုင်ရန်အတွက် အခက်အခဲမရှိစေဘဲ ငွေကြေးကာကွယ်မှုမျိုးစုံရယူထားခြင်းနှင့် လိုအပ်သော စုဆောင်းငွေပမာဏကို ဖြည့်ဆည်းပေးနိုင်သည့် ရိုးရှင်းပြီး ထိရောက်သော အစီအစဥ်ဖြစ်ပါသည်။

ဒါဆိုရင် မည်သည့်ရွေးချယ်မှုများက အသက်အာမခံဝယ်ယူသူများအတွက် အကောင်းဆုံးလိုက်လျောညီထွေမှုကို ပေးနိုင်ပါသလဲ။

ဤအစီအစဥ်တွင် အသက်အာမခံဝယ်ယူသူများအနေနှင့် မိမိတို့လိုအပ်ချက်ပေါ်မူတည်၍ ရွေးချယ်ဝယ်ယူနိုင်သောကြောင့် လိုက်လျောညီထွေဖြစ်စေနိုင်သော အစီအစဥ်တစ်ခုဖြစ်ပါသည်။

ပေါင်းစပ်ထားသောအစီအစဥ်သည် ဘယ်လိုဆောင်ရွက်မှုမျိုးပေးနိုင်ပါသလဲ။

ပေါင်းစပ်ထားသောအစီအစဥ်များတွင် အခြေခံ (သို့မဟုတ်) အဓိကကျသော အသက်အာမခံပါဝင်ပြီး ထပ်ဆောင်းကာကွယ်နိုင်သည့် အသက်အာမခံများကိုလည်း ထည့်သွင်းဝယ်ယူနိုင်မှာဖြစ်ပါသည်။

Dai-ichi Life Insurance Myanmar တွင် ဘယ်လိုရွေးချယ်စရာတွေရှိပါသလဲ။ ကျွန်တော်တို့အနေနှင့် Dai-ichi Life ၏ အသက်အာမခံများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိနိုင်ပါသလား။

ကျွန်တော်တို့တွင် “Dai-ichi Life Pro” ဟုခေါ်သော 3 in 1 အသက် အာမခံအစီအစဥ်တစ်ခုရှိပါသည်။ ဤအစီအစဉ်တွင် အကာအကွယ်ပေးခြင်း၊ ၃နှစ်တစ်ခါရှင်သန်ခြင်းအကျိုးခံစားခွင့်ရှိခြင်း နှင့် နှစ်ပြည့်အာမခံအကျိုးခံစားခွင့် ဟူ၍ 3 in 1 အကျိုးသက်ရောက်မှုပေးနိုင်ပါသည်။ ထို့အပြင် Dai-ichi Life Pro တွင် အာမခံထားရှိသူ၏ လိုအပ်ချက်နှင့် ရွေးချယ်မှုများပေါ် မူတည်၍ ထပ်ဆောင်း အာမခံပေါ်လစီ ၂ ခုကိုလည်း ဝယ်ယူနိုင်ပါသည်။ () ပိုမိုကောင်းမွန်လုံခြုံသည့် အကာအကွယ်ကို ရယူလိုသူများအနေဖြင့် ကျွန်တော်တို့၏ “Dai-ichi Guard” ကို ပရီမီယံကြေးသက်သာစွာဖြင့် အတူတကွဝယ်ယူနိုင်ပါသည် ။ () ပြင်းထန်ရောဂါများဖြစ်ပေါ်လာခဲ့လျှင် ကြိုတင်မှန်းဆလို့မရသော ဆေးကုသကုန်ကျစရိတ်များအတွက် အာမခံထားချင်သူများအနေဖြင့် “Dai-ichi Life Pro” တွင် “Dai-ichi CI Plus” ကို ထပ်တိုးအကျိုးခံစားခွင့်အာမခံတစ်ခုအဖြစ် ရယူနိုင်ပါသည်။ အာမခံဝယ်ယူထားသူအနေနှင့် ထပ်ဆောင်းအာမခံပေါ်လစီ ()ခုလုံးကို ဝယ်ယူထားခြင်းဖြင့်လည်း အကျိုးခံစားခွင့် ၅ ခုလုံး ဖြစ်သည့် ငွေကြေးအကာအကွယ်ပေးခြင်း၊ ရှင်သန်ခြင်းအကျိုးခံစားခွင့်ရရှိခြင်း၊ ပေါ်လစီသက်တမ်းစေ့သည်နှင့် နှစ်ပြည့်အာမခံအကျိုးခံစားခွင့်ကို ရရှိခြင်း၊ ပိုမိုလုံခြုံပြီးစိတ်အေးချမ်းသာရသော ထပ်တိုးအကာအကွယ်ရရှိခြင်း နှင့် ပြင်းထန်‌‌ရောဂါအာမခံအတွက် ငွေကြေးအကာအကွယ်ရှိခြင်းစသည်တို့ကို ရရှိမည်ဖြစ်ပါသည်။

ကျွန်တော်တို့၏ ဝန်ဆောင်မှုများ

ကျွန်တော်တို့၏ အသက်အာမခံဝန်ဆောင်မှုများသည် သင်နှင့် သင်ချစ်ခင်ရသူများကို ကြိုတင်ကာကွယ်နိုင်ဖို့၊ သင့်ရင်သွေး၏ အနာဂတ်ပညာရေးအတွက် အပူအပင်ကင်းစွာဖြင့် ပညာရေးဆုံးခန်းတိုင်စေနိုင်ဖို့အပြင် သင့်လိုအပ်ချက်နှင့် ကိုက်ညီသော အနာဂတ်ငွေကြေးစီမံခန့်ခွဲခြင်းတို့ကို ဝန်ဆောင်မှုပေးနိုင်ရန်ဖြစ်ပါသည်။ သင်နှင့် သင်ချစ်ရသူတွေ၏ စိတ်အေးချမ်းသာမှုကို Dai-ichi Life Insurance Myanmar အနေနှင့် အကောင်းဆုံးကူညီပေးသွားမည်ဖြစ်ပါသည်။