Dai-ichi Life

မေးလေ့မေးထရှိသော မေးခွန်းများ

Dai-ichi Life သည် ဘယ်နိုင်ငံ၏ အခြေစိုက်ကုမ္ပဏီဖြစ်ပါသလဲ။ အခြား ဘယ်နိုင်ငံများတွင် ရုံးခွဲများရှိပါသလဲ။

Dai-ichi Life ကို ဂျပန်နိုင်ငံတွင် စတင်ခဲ့ပြီး ယခုအခါ  အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံတို့တွင် ရုံးခွဲများ ဖွင့်လှစ်ပြီးဖြစ်ပါသည်။

Dai-ichi Life နှင့် ဘယ်လိုဆက်သွယ်လို့ရနိုင်မလဲ။

ကျွန်တော်တို့၏  Customer Service ဖုန်းနံပါတ်ဖြစ်သည့် ၀၉ ၇၇၈ ၈၀၇ ၀၀၀ သို့ ဆက်သွယ်နိုင်ပါသည်

Dai-ichi DSR ရန်ပုံငွေ ဆိုသည်မှာအဘယ်နည်း။

Dai-ichi DSR ရန်ပုံငွေသည် ကျွန်တော်တို့၏ Customer များ COVID-19 ရောဂါကြောင့်  ကွယ်လွန်သွားသည့်အခါတွင် အပိုထပ်ဆောင်းအကျိုးခံစားခွင့်အနေဖြင့် ပေးရန် မတည်ထားသည့် အထူးရန်ပုံငွေတစ်ခုဖြစ်ပါသည်။

Dai-ichi DSR ရန်ပုံငွေ မှ မည်သည့် အကျိုးခံစားခွင့်များ ရရှိနိုင်မည်နည်း။

COVID-19 ရောဂါကူးစက်ခံရပြီးဆုံးပါးခြင်းအတွက် အပိုဆောင်းအကျိုးခံစားခွင့် သိန်း ၃၀ ကိုရရှိနိုင်မည်ဖြစ်ပါသည်။ 

Dai-ichi DSR ရန်ပုံငွေ ၏ အပိုဆောင်းအကျိုးခံစားခွင့်ဆိုသည်မှာ အဘယ်နည်း ။

Dai-ichi DSR ရန်ပုံငွေသည် အသက်အာမခံထားသူက COVID-19 ရောဂါဖြင့်အသက်ဆုံးပါးခဲ့ပါလျှင်  အကျိုးခံစားခွင့်ရှိသူ မှ အပိုဆောင်းအကျိုးခံစားခွင့်ရရှိနိုင်ခြင်းဖြစ်ပါသည်။

အသက်အာမခံဆိုတာ ဘာလဲ။

များစွာသောအခြေအနေများကို ကြိုတင်မှန်းဆ၍မရနိုင်သလို ရှေ့ဆက်ဘာဖြစ်မလဲဆိုတာလည်း သေချာမသိနိုင်ပါဘူး။ ဒါကြောင့် သင့်အနေဖြင့် အခွင့်ကောင်းကို မလွဲချော်သွားစေရန် အထူးသဖြင့် သင်ချစ်ခင်ရသူများအတွက် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုအား တိကျသေချာစွာ အစီအစဉ်ဆွဲထားနိုင်ရန် အရေးကြီးပါသည်။ အသက်အာမခံသည် အသက်ဆုံးပါးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ (သို့မဟုတ်) ပြင်းထန်ရောဂါများစသည့် မမျှော်လင့်ထားသော ကိစ္စရပ်များကြောင့် ဖြစ်ပေါ်လာသောငွေကြေးဆိုင်ရာအခက်အခဲများမှ ကာကွယ်ပေးနိုင်သော နည်းလမ်းတစ်ခုဖြစ်သည့်အတွက် စောစီးစွာ အကာအကွယ်ရယူထားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

အသက်အာမခံကို ဘယ်အသက်အရွယ်တွင် စတင်ထားရှိနိုင်ပါသလဲ။

အသက်အာမခံ ကို ရင်သွေးငယ်မှစ၍ အသက်အရွယ်မရွေး ဝယ်ယူနိုင်ပါသည်။ မသေချာမရေရာမှုများသည် ဘဝတစ်လျှောက်လုံးတွင် ကြုံတွေ့လာနိုင်သည့်အတွက် စောစီးစွာအသက်အာမခံအကာအကွယ်ရယူထားခြင်းသည်အသင့်တော်ဆုံးပဲဖြစ်ပါသည်။

ဘာလို့ အသက်အာမခံထားသင့်သလဲ။

အသက်အာမခံသည် အသက်ဆုံးပါးခြင်း၊ မသန်စွမ်းဖြစ်ခြင်း (သို့မဟုတ်) ပြင်းထန်ရောဂါများကြောင့် ဖြစ်ပေါ်လာသောကိစ္စရပ်များ၏ ကုန်ကျစရိတ်များမှ မိသားစုနှင့် မှီခိုနေသူများအတွက် ငွေကြေးအရ အကာအကွယ်ပေးနိုင်သည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ အသက်အာမခံသည် သင်မရှိတော့သည့်အချိန်တွင် သင်ချေးယူထားသော အကြွေးများအားဆပ်နိုင်ရန် (ပေါင်နှံခြင်းများအပါအဝင်)၊ သင့်ကလေးများ၏အနာဂတ်ပညာရေးအတွက် ပေးချေနိုင်ရန်နှင့် သင့်မိသားစုအနေနှင့် လက်ရှိနေထိုင်သော လူနေမှုအဆင့်အတန်းအတိုင်း ဆက်လက်နေထိုင်နိုင်ရန် ကူညီပေးပါသည်။ ဒါ့အပြင် ကျန်းမာခြင်းသုခနှင့် ပြည့်စုံပါကလည်း သင့်အနေနဲ့ စုဆောင်းမှုတစ်ခုအဖြစ်ကျန်ရှိနေမှာဖြစ်ပါသည်။

အသက်အာမခံမှ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။

အသက်အာမခံ သည် သင်နှင့် သင်ချစ်ခင်ရသူများအတွက် ငွေကြေးလုံခြုံမှု နှင့် စိတ်အေးချမ်းမှုကို ပေးနိုင်သော အကျိုးကျေးဇူးများစွာရှိပါသည်။ ၎င်းသည် အသက်အာမခံရယူထားသူ အသက်ရှင်နေထိုင်စဥ်ကာလအတွင်း ဘဝ၏ မသေချာမရောမှုများမှ ငွေကြေးကာကွယ်မှုပေးနိုင်သည့်အပြင် တစ်ချိန်တည်းမှာပင် ငွေကြေးစုဆောင်းမှုတစ်ခုအဖြစ်လည်း ရရှိနိုင်မှာဖြစ်ပါသည်။  ဒါ့အပြင် ဝင်ငွေခွန်သက်သာခွင့် နှင့် ငွေကြေးအာမခံချက်ကိုလည်းရရှိစေပါသည်။

အသက်အာမခံအား ဘယ်သူတွေဝယ်ယူလို့ရပါသလဲ။

အာမခံပေါ်လစီအရ သတ်မှတ်ထားသော အသက်ကန့်သတ်ချက်အတွင်းရှိ မည်သူမဆို  အသက်အာမခံဝယ်ယူနိုင်ပါသည်။ (သို့) တရားဝင်အုပ်ထိန်းသူမှတစ်ဆင့် ဝယ်ယူထားရှိနိုင်ပါသည်။

အကျိုးခံစားခွင့် တောင်းခံခြင်းကို မည်သို့လုပ်ဆောင်ရမည်နည်း။

အကျိုးခံစားခွင့် တောင်းခံသူ အနေဖြင့် အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း Dai-ichi Life Insurance Myanmar သို့ ဆက်သွယ်တောင်းခံနိုင်ပါသည်။

  • Hotline နံပါတ်များမှ ဆက်သွယ်ခြင်း

၁။ ကျန်းမာရေးဆိုင်ရာ အကျိုးခံစားခွင့် တောင်းခံမှုများအတွက် +၉၅ ၉၇ ၇၄၇၇ ၇၇၃၃ 
၂။ အသက်အာမခံဆိုင်ရာ အကျိုးခံစားခွင့် တောင်းခံမှုများအတွက် +၉၅ ၉၇ ၇၈၈၀ ၇၀၀၀

  • အီးမေးလ်မှတဆင့် ဆက်သွယ်ခြင်း

၁။ ကျန်းမာရေးဆိုင်ရာ အကျိုးခံစားခွင့် တောင်းခံမှုများအတွက် – healthclaim@daiichilife.com.mm

၂။ အသက်အာမခံဆိုင်ရာ အကျိုးခံစားခွင့် တောင်းခံမှုများအတွက် – customercare@daiichilife.com.mm

  • Esperado Tower ရှိ Dai-ichi Sales Office ထံ ဆက်သွယ်ခြင်း (သို့မဟုတ်) Sule Square Office Tower ရှိ Dai-ichi Life Experience Centre (DLEC) သို့ ဆက်သွယ်ခြင်း
  • ပိုမိုရင်းနှီးနွေးထွေးသည့် ဝန်ဆောင်မှုကို ရယူလိုပါက သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များ မှတဆင့် ဆက်သွယ်ခြင်း

အကျိုးခံစားခွင့်တောင်းခံရန် မည်သည့်စာရွက်စာတမ်းများ လိုအပ်ပါသနည်း။

အကျိုးခံစားခွင့်တောင်းခံမှုအားလုံးအတွက်

  • ပြည့်စုံစွာ ဖြည့်စွက်ထားသော ‘အကျိုးခံစားခွင့် တောင်းခံလွှာ’
  • အသက်အာမခံလက်မှတ်မူရင်း (နှင့် ထပ်တိုးအကျိုးခံစားခွင့် ပေါ်လစီထောက်ခံချက်စာလွှာ)
  • အကျိုးခံစားခွင့် တောင်းခံခြင်းကို စိစစ်အတည်ပြုရာတွင် လိုအပ်မည့် အခြားစာရွက်စာတမ်း/အချက်အလက်များ (လိုအပ်ခဲ့လျှင်)

သေဆုံးမှု အကျိုးခံစားခွင့် တောင်းခံမှုအတွက်

  • သေစာရင်းမိတ္တူ သို့မဟုတ် ရင်ခွဲမှတ်တမ်း မူရင်း (ရှိခဲ့လျှင်)

ထာဝစဉ် မသန်မစွမ်းဖြစ်မှု အကျိုးခံစားခွင့် တောင်းခံမှုအတွက်

  • ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း အတည်ပြုစာ၊ ဆေးမှတ်တမ်း/အစီရင်ခံစာနှင့် ကုသမှု မှတ်တမ်းများအားလုံး (အစိုးရအသိအမှတ်ပြုဆေးရုံ၏ ထောက်ခံချက် ပါရှိသော မိတ္တူ သို့မဟုတ် မူရင်း)

ပြင်းထန်သော ရောဂါကုသမှု အကျိုးခံစားခွင့် /Active Care ပေါ်လစီအကျိုးခံစားခွင့် / ကျန်းမာရေး အကျိုးခံစားခွင့် (ဆေးကုသမှုစရိတ် ပြန်လည်တောင်းခံခြင်း အကျိုးခံစားခွင့်) တောင်းခံရာတွင် လိုအပ်သော စာရွက်စာတမ်း အထောက်အထားများ

  • အသက်အာမခံထားသူကို ကုသပေးသော ဆရာဝန်၏ ‌ထောက်ခံစာ ဆေးလက်မှတ် (သမားတော်/ခွဲစိတ်ဆရာဝန် သို့မဟုတ် အခြားသက်ဆိုင်ရာ အထူးကု ဆရာဝန်စသည်)
  • အသက်အာမခံထားသူ တက်ရောက်ကုသမှု ခံယူခဲ့သော ဆေးရုံ/ဆေးခန်းမှ ရယူရန် လိုအပ်သော စာရွက်စာတမ်းများ၊ အထူးကုဆရာဝန်၏ ထောက်ခံချက်များ
  • သက်ဆိုင်ရာ ဆေးခန်း/ဆေးရုံ/ဓါတ်ခွဲခန်း သို့မဟုတ် အခြားသက်ဆိုင်ရာ အဖွဲ့အစည်း/ဌာနမှ ထုတ်ပေးသော ထောက်ခံချက်/ဆေးမှတ်တမ်း စာရွက်များ (လိုအပ်ပါက)
  • မူရင်း ဆေးကုသမှုစရိတ် ပြေစာများ (ဆေးကုသမှုစရိတ် ပြန်လည်တောင်းခံခြင်း အကျိုးခံစားခွင့်အတွက်)

မှတ်ချက်

  • အကျိုးခံစားခွင့် တောင်းခံရာတွင် အဆင်ပြေ၊ လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် စာရွက်စာတမ်း၊ အထောက်အထားများကို မှန်ကန်စွာ တင်ပြပေးရန် လိုအပ်ပါသည်။
  • အကျိုးခံစားခွင့် တောင်းခံခြင်း ပြီးမြောက်မှု အနေအထားကို လိုအပ်သလို အကြောင်းကြားပေးသွားမည်ဖြစ်ပြီး ထပ်မံတောင်းခံသည့် အထောက်အထား၊ စာရွက်စာတမ်းများကိုလည်း လူကြီးမင်းက ပေးအပ်သွားရန် လိုအပ်ပါသည်။
  • အကျိုးခံစားခွင့် တောင်းခံခြင်းကို စစ်ဆေးအတည်ပြုပြီးသည့်နောက်တွင် Dai-ichi Life Insurance Myanmar အနေဖြင့် အကျိုးခံစားခွင့်ကို ထုတ်ပေးသွားမည်ဖြစ်ပြီး အကျိုးခံစားခွင့် တောင်းခံသူ/အကျိုးခံစားခွင့်ရှိသူထံမှ လိုအပ်သော အချက်အလက်များကိုလည်း တောင်းခံသွားမည် ဖြစ်ပါသည်။

အကျိုးခံစားခွင့်တောင်းခံခြင်းနှင့်ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက ယခု လင့် မှတဆင့်ဝင်ရောက်လေ့လာနိုင်ပါသည်။

ပရီမီယံကြေးပေးချေမှုအတွက် ဘာနည်းလမ်းတွေရှိပါသလဲ။

သင်သည် ဘဏ်သို့ လူကိုယ်တိုင်သွားပြီး သင်ထားရှိထားသော ပရီမီယံငွေကြေးပမာဏအတိုင်း ပေးချေနိုင်ပါသည်။ Dai-ichi Life Bank အကောင့်သို့ ငွေလွှဲခြင်း (သို့) အလိုအလျောက်ငွေပေးချေခြင်းဖြင့်လည်း ပေးသွင်းနိုင်ပါသည်။

ပရီမီယံကြေးပေးချေမှုအား မည်သည့်ဘဏ်များမှတစ်ဆင့် လုပ်ဆောင်လို့ရပါသလဲ။

KBZဘဏ်၊ AYA ဘဏ်၊ CB ဘဏ်၊MOB ဘဏ် နှင့် YOMA ဘဏ်တို့၏ ဘဏ်ခွဲများတွင် ငွေသား (သို့) ချက်လက်မှတ်ဖြင့် ပရီမီယံငွေပေး‌‌ချေမှုအား လုပ်ဆောင်နိုင်ပါသည်။

ဘဏ်ခွဲများ (သို့) ဘဏ်အေးဂျင့်များမှတစ်ဆင့် ပရီမီယံကြေးကို ဘယ်လိုပေးဆောင်လို့ရပါသလဲ။

  • ဘဏ်ခွဲများသင်နှင့်အနီးဆုံးတွင်ရှိသည့် KBZ ဘဏ် AYA ဘဏ်၊ CB ဘဏ်၊ MOB ဘဏ်(သို့) Yoma ဘဏ် တို့၏ ဘဏ်ခွဲများတွင် ငွေသား (သို့) ချက်လက်မှတ်ဖြင့် ပရီမီယံကြေးပေးချေနိုင်ပါသည်။ ဘဏ်ခွဲသို့ရောက်လျှင် Dai-ichi Life Insurance Myanmar သို့ပရီမီယံကြေးပေးသွင်းလိုကြောင်း နှင့် လျှောက်လွှာအမှတ် (သို့) ပေါ်လစီအမှတ်ကို ဘဏ်ဝန်ထမ်းကိုပြောပြပါ။  ချက်လက်မှတ်နှင့်ပေးသွင်းမှုအတွက်ဘဏ်လုပ်ငန်းဆောင်ရွက်မှုအရ ချက်လက်မှတ်ရှင်းလင်းရေးလုပ်ငန်းစဥ်ကို လုပ်ဆောင်ရန်လိုအပ်ပါသည်။
  • KBZPay (သို့) AYAPay(သို့) MABဘဏ်အေးဂျင့်များ နီးစပ်ရာ ဘဏ်အေးဂျင့်များ၌လည်း လျှောက်လွှာအမှတ် (သို့) ပေါ်လစီအမှတ်ကို ပြောပြ၍ ပရီမီယံကြေးပေးသွင်းနိုင်ပါသည်။

အင်တာနက်/Mobile Banking အပလီကေးရှင်းမှတစ်ဆင့် ပရီမီယံကြေးပေးချေမှုကို ဘယ်လို လုပ်ဆောင်လို့ရနိုင်ပါသလဲ။

KBZPay နှင့် KBZ မိုဘိုင်းဘဏ်အပ်ပလီ‌‌ကေးရှင်းဖြင့် ပေးချေမှုများအတွက် –

  1. Quick Pay ကိုရွေးချယ်ပါ။
  2. Insurance ကို ထပ်မံရွေးချယ်ပြီး Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
  3. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။

AYA အင်တာနက်၊ မိုဘိုင်းဘဏ်အပ်ပလီ‌‌ကေးရှင်းဖြင့် ပေးချေမှုများအတွက် –  

  1. Bill Payment ကို ရွေးချယ်ပါ။
  2. Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။  
  3. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။ 

CBPay ဖြင့် ပေးချေမှုများအတွက် –  

  1. Pay Bill ကို ရွေးချယ်ပါ။
  2. Insurance Payment ကို ထပ်မံ‌ရွေးချယ်ပါ။
  3. Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
  4. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။

MAB ဘဏ်မိုဘိုင်းအပ်ပလီကေးရှင်းဖြင့် ပေးချေမှုများအတွက် – 

  1. Payment စာမျက်နှာရှိ Insurance ကို ရွေးချယ်ပါ။ 
  2. One-time Payment ကို ထပ်မံ‌ရွေးချယ်ပါ။
  3. Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
  4. Outlet နေရာ၌ Premium Payment ကိုရွေးချယ်ပါ။
  5. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။

Yoma ဘဏ် DC အပ်ပလီကေးရှင်းဖြင့် ပေးချေမှုများအတွက် – 

      1. Pay Bill ကို ရွေးချယ်ပါ။
      2. Biller Selection ကို ထပ်မံ‌ရွေးချယ်ပါ။
      3. Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
      4. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။

Yoma ဘဏ် DC အပ်ပလီကေးရှင်းဖြင့် ပေးချေမှုများအတွက် –  

    1. Bill Payment စာမျက်နှာကို ရွေးချယ်ပါ။
    2. Health & Insurance ကို ထပ်မံ‌ရွေးချယ်ပါ။
    3. Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
    4. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။

အလိုအလျောက်ငွေပေးချေခြင်းစနစ်ဖြင့် ပရီမီယံကြေးပေးချေမှုကို ဘယ်လို လုပ်ဆောင်လို့ရနိုင်ပါသလဲ။

  • ပရီမီယံကြေးပေးချေမှုပြုလုပ်ရာတွင် အချိန်ကုန်သက်သာစေရန်အတွက် KBZဘဏ် အင်တာနက်၊ မိုဘိုင်း အပ်ပလီကေးရှင်း ၊ CB ဘဏ် အင်တာနက်၊ မိုဘိုင်း အပ်ပလီကေးရှင်း (သို့)ဘဏ်ခွဲများ MOB ဘဏ်အင်တာနက်၊ မိုဘိုင်း အပ်ပလီကေးရှင်း(သို့)ဘဏ်ခွဲများ တို့တွင် အလိုအလျောက်ငွေပေးချေခြင်းစနစ်ကို လုပ်ဆောင်ထားရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။ 

Dai-ichi Life Customer Service Counter or Dai-ichi Life Experience Centre (DLEC) များ၌ ပရီမီယံကြေးပေးချေမှုကိုဘယ်လိုလုပ်ဆောင်လို့ရနိုင်ပါသလဲ။

  • ငွေသားဖြင့်ပေးသွင်းရန် ခွင့်ပြုထားသော HtarWa-Ra Edu Goal ပေါ်လစီအတွက် Dai-ichi Life Insurance Myanmar Customer Service Counter များ(သို့) Dai-ichi Life Experience Centre(DLEC) တွင် ကိုယ်တိုင်လာရောက်၍ ပေါ်လစီတစ်ခုလျှင် ငွေသားဖြင့် တစ်ကြိမ်လျှင် အများဆုံး ၂၀၀,၀၀၀ ကျပ်အထိ (သို့မဟုတ်) ချက်လက်မှတ်ဖြင့် ပမာဏအကန့်အသတ်မရှိပေးသွင်းနိုင်ပါသည်။ ကျွန်တော့်အသက်အာမခံကိုယ်စားလှယ်များ
    သည် အသက်အာမခံဝယ်ယူသူများထံမှငွေသား တိုက်ရိုက်ကောက်ခံခြင်းမရှိပါ။