Dai-ichi Life

"Wealth in Health"

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၇) ရက်နေ့

ကျွန်တော်တို့ Dai-ichi Life Insurance Myanmar မှ ပြီးခဲ့တဲ့နှစ်ဝက်တွင် အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့ကြတဲ့ Business Partner များနဲ့ Financial Planner များကို ဂုဏ်ပြုသောအားဖြင့် “Wealth in Health” Event ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် Meliá Yangon Hotel ၌ ကျင်းပခဲ့ပါသည်။

 

နောက်နှစ်ဝက်အတွက် အောင်မြင်မှုပန်းတိုင်တွေကိုလည်း ပြောပြရင်းဖြင့် ကျွန်တော်တို့ Dai-ichi Life Insurance Myanmar ရဲ့ ပထမဆုံးအမှတ်သင်္ကေတဖြစ်လာတော့မယ့် “မောင်ကံထူး” ကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။ “မောင်ကံထူး” က ဇွဲလုံ့လရှိမှုနဲ့ ကံကောင်းမှုတွေရဲ့ သင်္ကေတဖြစ်တဲ့ ဂျပန်ရိုးရာ Daruma နဲ့ ကျွန်တော်တို့တွေအားလုံးသိကြတဲ့ ပစ်တိုင်းထောင်တို့ကို ပေါင်းစပ်ဖန်တီးထားတာဖြစ်ပြီး ကျွန်တော်တို့ ဘဝရည်မှန်းချက်တွေဆီကို ရောက်ရှိစေဖို့အတွက် ကံကောင်းခြင်းတွေ သယ်ဆောင်လာမယ်ဆိုတဲ့အဓိပ္ပာယ်တစ်ခုလည်းဖြစ်ပါသည်။

Share this on