Dai-ichi Life

Donation to Wai Bar Gi Hospital & Dream Train Child Development Centre​

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့

Dai-ichi Life Insurance Myanmar Ltd (Dai-ichi  Life) သည် အခက်အခဲများနှင့် ရင်ဆိုင်နေရသော လက်ရှိ ကိုဗစ်-၁၉ ကာလတွင် ၎င်း၏ အာမခံထားရှိသူများ၊ အရောင်းကိုယ်စားလှယ်များနှင့် ဝန်ထမ်းများကိုသာမက မြန်မာနိုင်ငံရှိ လူမှုအသိုက်အဝန်း တစ်ရပ်လုံးကိုလည်း ကူညီပံ့ပိုးပေးရန် ရည်သန်လုပ်ဆောင်လျက်ရှိသည်။ ၎င်း၏ တန်ဖိုးထားရသော “People First” ဟူသည့် ဆောင်ပုဒ်နှင့်အညီ Dai-ichi Life Insurance Myanmar သည် ဝေဘာဂီအထူးကုဆေးရုံကြီးနှင့် Dream Train (အိပ်မက်လှ ရထားလေး) လူငယ်ဖွံ့ဖြိုးရေး စင်တာတွင် လိုအပ်သည့် ပစ္စည်းများ၊ ရေမလို လက်သန့်ဆေးရည်များ၊ နှာခေါင်းစည်း mask များနှင့် အစားအသောက်များ လှူဒါန်းထောက်ပံ့ပေးခဲ့သည်။  


ကိုဗစ် – ၁၉ ကူးစက်ခံရသော လူနာများကို ပြုစုကုသပေးရန်အတွက် မနားမနေ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည့် ကျန်းမာရေးဝန်ထမ်းများအား ကျေးဇူးတုန့်ပြန်သည့်အနေနှင့် Dai-ichi Life မှနေ့လည်စာ ထမင်းဗူး ၂၈၀ ဗူး အား ဝေဘာဂီအထူးကုဆေးရုံကြီး၌ သွားရောက်လှူဒါန်းခဲ့သည်။ ထို့အပြင် Dai-ichi Life သည် Dream Train (အိပ်မက်လှ ရထားလေး) လူငယ်ဖွံ့ဖြိုးရေး စင်တာ၌လည်း စာရေးကိရိယာများ၊ ကစားစရာများ၊ နှာခေါင်းစည်း mask များနှင့် ရေမလိုလက်သန့်ဆေးရည်များအား လှူဒါန်းပံ့ပိုးပေးခဲ့သည်။ ယခုကဲ့သို့သော ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသော လူနာများကို ကုသပေးသည့် ဆေးရုံများနှင့် ထောင်ပေါင်းများစွာသော ကလေးလူငယ်များအား ဘေးကင်းလုံခြုံ၍ စိတ်အေးချမ်းသာစွာ စောင့်ရှောက်ပျိုးထောင်ပေးသည့် Dream Train (အိပ်မက်လှရထားလေး) ကဲ့သို့ လူငယ်ဖွံ့ဖြိုးရေး စင်တာတို့မှ စတင်ပြီး အခြားသောနေရာကဏ္ဍများစွာတွင်လည်း ကူညီပံ့ပိုးရန် Dai-ichi Life က အသင့်ရှိနေပါသည်။

Share this on