Dai-ichi Life

Bancassurance Services Launch in Taunggyi

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့

ကျွန်တော်တို့ Dai-ichi Life Insurance Myanmar ရဲ့ အသက်အာမခံဝန်ဆောင်မှုများကို  ရှမ်းပြည်နယ်အတွင်း သတ်မှတ်ထားသော ကမ္ဘောဇဘဏ်ခွဲများတွင်လည်း ရရှိနိုင်ပြီဖြစ်ပါသည်။

 

ကျွန်တော်တို့ရဲ့ မိတ်ဖက်ပါတနာ တစ်ဦးဖြစ်သော ကမ္ဘောဇဘဏ်၏ တောင်ကြီး၊ လားရှိုး နှင့် အခြားရှမ်းပြည်နယ်အတွင်း မြို့များရှိ သတ်မှတ်ထားသောဘဏ်ခွဲများမှ တဆင့် Dai-ichi Life ရဲ့ အသက်အာမခံဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ရန် ရည်ရွယ်လျက် Dai-ichi Life နှင့် ကမ္ဘောဇဘဏ်တို့ ၏ management team နှင့် ဘဏ်ခွဲတာဝန်ခံများ တွေ့ဆုံပွဲ ကို တောင်ကြီးမြို့ကမ္ဘောဇဘဏ်ခွဲ၌ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

 

အခုလို ကျွန်တော်တို့ Dai-ichi Life ရဲ့ နှစ်ပေါင်း ၁၂၁ ကျော် အသက်အာမခံလုပ်ငန်းအတွေ့အကြုံတွေနဲ့အတူ  အကောင်းဆုံး Bancassurance service ( Dai-ichi Life ရဲ့ အသက်အာမခံဝန်ဆောင်မှု) တွေကို ကျွန်တော်တို့ရဲ့ မိတ်ဖက်ပါတနာ ကမ္ဘောဇဘဏ် ရဲ့ ဘဏ်ခွဲများမှ တဆင့် မြန်မာတစ်နိုင်ငံလုံးတွင်ပေးအပ် သွားနိုင်ဖို့ကို စီစဥ်ထားရှိပါသည်။

Share this on