Dai-ichi Life

သင်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း Dai-ichi Health CARE အကာအကွယ်ပေးခြင်း ငွေကြေးစုဆောင်းခြင်း နှင့် ရင်းနှီးမြှုပ်နှံခြင်း Dai-ichi LifeCARE Dai-ichi Active Care Dai-ichi Credit Life Dai-ichi Life Pro Htar-Wa-Ra Edu Goal Htar-Wa-Ra Edu Goal Dai-ichi CI Plus Dai-ichi Guard Dai-ichi LifeCARE Dai-ichi Life Pro Dai-ichi LifeCARE Dai-ichi LifeCARE ၏ ပြီးပြည့်စုံသော အကာအကွယ်ရရှိခြင်းဖြင့် သင်နှင့် သင်ချစ်ခင်ရသူများ ဘဝတစ်သက်တာလုံးစိတ်အေးချမ်းသာမှုကို ရရှိစေမည့်အပြင် ငွေကြေးတိုးပွားမှု အာမခံချက်ရှိခြင်းကြောင့် ပိုမိုစိတ်ချလုံခြုံပြီး သာယာသောအနာဂတ်တစ်ခုကိုဖန်တီးနိုင်ပါသည်။ အသေးစိတ်ကြည့်ရှုရန် Dai-ichi Life Pro ကျွန်တော်တို့အနေနှင့် အနာဂတ်ကို အတိအကျ ပုံသေတွက်ဆထားလို့မရနိုင်ပါဘူး။ Dai-ichi Life Insurance Myanmar သည် သင့်မိသားစုအတွက် လုံခြုံစိတ်ချရသော ဘဝနေထိုင်မှုပုံစံကို ရရှိရန် ကူညီဆောင်ရွက်ပေးနိုင်ပါသည်။ Dai-ichi Life Pro နှင့်အတူ သင်နှင့် သင့်မိသားစုအတွက် အကာအကွယ်ရယူနိုင်မှု၊ ငွေကြေးစုဆောင်းနိုင်မှု၊ ၃နှစ်တစ်ကြိမ်ရှင်သန်ခြင်းအကျိုးခံစားခွင့်ငွေပြန်လည်ရယူနိုင်မှုနှင့် နှစ်ပြည့်အာမခံအကျိုးခံစားခွင့်တို့ကို ရယူဖို့ အခုပဲ စတင်စီစဉ်လိုက်ပါ။ အသေးစိတ်ကြည့်ရှုရန် Dai-ichi Guard Dai-ichi Guard သည် မျှော်လင့်မထားသော အခြေအနေများမှ အသက်ဆုံးပါးမှု၊ ထာဝစဥ်မသန်စွမ်းဖြစ်မှုတို့အပေါ်တွင်ငွေကြေးဆိုင်ရာကာကွယ်မှုပေးသည့် အသက်အာမခံဖြစ်ပါသည်။ ထို့အပြင် သင်ချစ်ခင်ရသူများအပေါ် စိတ်ပိုင်းဆိုင်ရာနှင့် ငွေကြေးပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများမဖြစ်ပေါ်စေရန် လည်း ကျွန်တော်တို့မှ ကူညီပေးနိုင်ပါသည်။ အသေးစိတ်ကြည့်ရှုရန် Dai-ichi CI Plus Dai-ichi CI Plus သည် ကင်ဆာရောဂါ၊ အဆုတ်ရောဂါ နှင့် ကျောက်ကပ်ရောဂါများအစရှိသည့် ပြင်းထန်ရောဂါများကြောင့်ပေါ်ပေါက်လာသော ဆေးကုသကုန်ကျစရိတ်များအတွက် ငွေကြေးအကာအကွယ်ပေးသည့် အသက် အာမခံဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ Dai-ichi CI Plus နှင့်အတူ ငွေအကြေးအကာအကွယ်ယူထားခြင်းဖြင့် မိမိနှင့် မိသားစုရဲ့ ငွေကြေးဆိုင်ရာဝန်ထုပ်ဝန်ပိုးများကို စိတ်ပူရန်မလိုဘဲ ကျန်းမာရေးပိုမိုကောင်းမွန်လာစေရန်အတွက်သာ ဂရုစိုက်နိုင်မှာပဲဖြစ်ပါသည်။ အသေးစိတ်ကြည့်ရှုရန် Dai-ichi Health CARE Dai-ichi Health CARE က ဆေးကုသခြင်း သာမက သေဆုံးခြင်းအတွက်ပါ အကာအကွယ်ပေးသော နှစ်စဥ် သက်တမ်းတိုးသွားနိုင်သည့် ကျန်းမာရေးအာမခံအမျိုးအစား ဖြစ်ပါသည်။ ဆေးကုသခြင်းဆိုင်ရာ အကျိုးခံစားခွင့်များတွင် ဆေးရုံတက်ခြင်း၊ ဆေးရုံမတက်မီနှင့် ဆေးရုံဆင်းပြီး ကုသမှု၊ ပြင်ပလူနာဌာနတွင် ပြသကုသခြင်းတို့ပါဝင်ပါသည်။ Dai-ichi Health CARE ကို အာမခံဝယ်ယူလိုသူ၏ လိုအပ်ချက်များနှင့်ကိုက်ညီသည့် သင့်လျော်သော အာမခံ Plan များကိုလည်း ရရှိနိုင်ပါသည်။ အသေးစိတ်ကြည့်ရှုရန် Dai-ichi Active Care
မတော်တဆမှုများသည် အချိန်မရွေး ဖြစ်ပေါ်နိုင်ပါသည်။ မမျှော်လင့်ထားသော အခြေအနေများမှတစ်ဆင့် မတော်တဆထိခိုက်မှုများသည် သင့်အား ထာဝစဉ်မသန်စွမ်းဖြစ်စေနိုင်ပြီး အဆိုးဆုံးအခြေအနေအရ အသက်ဆုံးရှုံးမှုအထိပါ ဖြစ်စေနိုင်ပါသည်။
ဤကဲ့သို့ မထင်မှတ်ထားသော အခြေအနေများမှ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် Dai-ichi Active Care သည် သင်နှင့် သင်ချစ်ခင်ရသူများ၏ နောင်ရေး စိတ်အေးချမ်းစွာ နေထိုင်နိုင်ရန် အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်ပါသည်။
အသေးစိတ်ကြည့်ရှုရန်
Htar-Wa-Ra Edu Goal မိဘတိုင်းသည် ရင်သွေးငယ်တွေအတွက် အကောင်းဆုံးဆိုသော အရာများကိုသာ ပေးစေချင်သောဆန္ဒရှိကြသည်ကို ကျွန်တော်တို့ “Dai-ichi Life Insurance Myanmar” မှ ကောင်းစွာ သဘောပေါက်ပါသည်။ သင့်အပေါ် မမျှော်လင့်ထားသောအခြေအနေများ ပေါ်ပေါက်လာခဲ့လျှင် သင့်ရင်သွေး၏ အနာဂတ်ပညာရေးအတွက် လုံခြုံစိတ်ချပြီး ပညာရေးဆုံးခန်းတိုင်သင်ယူနိုင်အောင် Htar-Wa-Ra Edu Goal မှ ကူညီပေးနိုင်ပါသည်။ အသေးစိတ်ကြည့်ရှုရန် Dai-ichi Credit Life သင့်မိသားစုစိတ်အေးစေဖို့ သင့်ချေးငွေအတွက် အာမခံအကာအကွယ်ရယူထားသင့်ပါသည်။ မမျှော်လင့်ထားသောအခြေအနေများနှင့်တွေ့ကြုံရသည့်အခါ သင်ပိုင်ဆိုင်ထားသောပစ္စည်းဥစ္စာများ မိသားစုအတွက် ထားရစ်ခဲ့နိုင်ဖို့နှင့် ချေးငွေပြန်ဆပ်ခြင်းဆိုင်ရာ ပြဿနာများကြောင့် သောကရောက်ခြင်းမှ ကာကွယ်ပေးနိုင်ဖို့ အရေးကြီးပါသည်။ ငွေချေးယူထားသူ သေဆုံးခြင်း (သို့မဟုတ်) ထာဝစဥ်မသန်စွမ်းဖြစ်ခဲ့လျှင် Dai-ichi Credit Life အာမခံအစီအစဥ်ဝယ်ယူထားခြင်းဖြင့် သင့်မိသားစုအား ချေးငွေပြန်ဆပ်ခြင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမှ အကာအကွယ်ပေးနိုင်ပါသည်။
အသေးစိတ်ကြည့်ရှုရန်
Employee Benefit Program စီးပွားရေးလုပ်ငန်းများ အောင်မြင်ရန်၊ ရေရှည်တည်တံ့နိုင်ရန်၊ အခက်အခဲများကြား ကြံ့ကြံ့ခံနိုင်ရန်အတွက် ကြိုးစားရာတွင် ဝန်ထမ်းများသည် အရေးပါသော အခန်းကဏ္ဍတစ်ခု၌ ပါဝင်ကြသူများဖြစ်ပါသည်။ ဤကဲ့သို့ သင်တို့၏ စီးပွားရေးလုပ်ငန်းများအတွက် တန်ဖိုးရှိသောဝန်ထမ်းများအား အသိအမှတ်ပြုရန် ကျွန်တော်တို့၏ Employee Benefit Program သည် သင့်အနေနှင့် ကုန်ကျစရိတ်သက်သာစွာဖြင့် ဝန်ထမ်းများအတွက် ကောင်းမွန်သောအသက်အာမခံအကာအကွယ်ကိုပေးပြီး စိတ်အေးချမ်းသာမှုကို ပေးစွမ်းနိုင်ပါသည်။
အသေးစိတ်ကြည့်ရှုရန်

သင်၏လိုအပ်ချက်များနှင့် ကိုက်ညီမည့် ကာကွယ်မှုကို ရယူပါ

ဘာဖြစ်လို့ အသက်အာမခံထားရှိဖို့ လိုအပ်ပါသလဲ။

အများစုက အသက်အာမခံသည် တစ်စုံတစ်ရာဖြစ်မှသာ ထားရှိသင့်သည်ဟု လွဲမှားထင်မြင်တတ်ကြပါသည်။ တကယ်တမ်းတွင် ကျန်းကျန်းမာမာ လုပ်နိုင်ကိုင်နိုင်ရှိနေသေးသောအချိန်တွင် အသက်အာမခံကို စတင်ထားရှိသင့်ပြီး မမျှော်လင့်ထားသောအခြေအနေများဖြစ်သည့်  သေဆုံးခြင်း၊ပြင်းထန်ရောဂါခံစားရခြင်း၊ထာဝစဉ်မသန်စွမ်းခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သောငွေကြေးဆုံးရှုံးခြင်းမှ ကာကွယ်ရန်အတွက်အသက်အာမခံကို ဝယ်ယူထားရှိသင့်ပါသည်။

ကျွန်တော်တို့အနေနှင့် မသေချာမှုတွေမှ ကာကွယ်နိုင်ရန် ကြိုတင်စီစဉ်မှုများ ထားရှိသင့်ပြီး ဝင်ငွေနှင့် အနာဂတ်အိပ်မက်တွေကို ရှောင်လွှဲလို့မရသော အန္တရာယ်များမှ ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

မိသားစုများကို
ငွေကြေး
အကာအကွယ်ပေးခြင်း

သင့်အနာဂတ်အတွက်
ကြိုတင်ငွေစုဆောင်းခြင်း

သင့်ရင်သွေးငယ်အတွက်
ပညာရေးပန်းတိုင်များကို
ဖြည့်ဆည်းပေးခြင်း