Dai-ichi Life

Yoshihito Takahama

Deputy Chief Executive Officer

ဂျပန်နိုင်ငံ၏ ဧည့်ဝတ်ကျေပွန်မှုဖြင့် အရည်အသွေးပြည့်ဝပြီး ယုံကြည်စိတ်ချရမှုတန်ဖိုးများနှင့် အသက်သွင်းထားတဲ့ မြန်မာလူမျိုးများမှ လူမှုပတ်ဝန်းကျင်အတွက် ကုမ္ပဏီတစ်ခုတည်ဆောက်ခြင်းဆိုတာ အကောင်းဆုံးဖြစ်စေလိုတဲ့ စိတ်အားထက်သန်မှုမှ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ကိုယ်ရေးရာဇဝင်

Mr. Takahama သည် Dai-ichi Life Insurance Myanmar Ltd. ၏ Deputy Chief Executive Officer ဖြစ်ပြီး HR၊ Legal၊ Compliance၊ Risk Management၊ Internal Control၊ Corporate Planning တို့အပြင် Finance၊ Accounting၊ Actuarial နှင့် Product Development တို့ ၏ စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်ပါသည် ။

Mr. Takahama သည် ၁၉၉၆ ခုနှစ်တွင် Dai-ichi Life Insurance Company Limited သို့ ဝင်ရောက်ခဲ့ပြီး စင်ကာပူအခြေစိုက် Dai-ichi Life Group ၏ ဒါရိုက်တာနှင့် ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ်အဖြစ် အာရှ ပစိဖိတ်ဒေသတွင် နိုင်ငံ () နိုင်ငံ၏ လုပ်ငန်းတာဝန်များထမ်းဆောင်ခဲ့သည့်အပြင် ဂျပန်၊ ဗီယက်နမ်နှင့် စင်ကာပူနိုင်ငံတို့တွင်လည်း ရာထူးတိုးမြှင့်သည့်အလျောက်တာဝန်များ ထမ်းဆောင်ခဲ့ပါသည်။

Dai-ichi Life Insurance Myanmar Ltd. တွင် တာဝန်မထမ်းဆောင်မီ Dai-ichi Group နှင့် ဒေသတွင်းနိုင်ငံအသီးသီးတွင် အရောင်းဌာန၊ လုပ်ငန်းအဖွဲ့အစည်းနှင့် ရင်းနှီးမြုပ်နှံမှုစီမံကိန်း၊ နိုင်ငံတကာစီးပွားရေးစီမံခန့်ခွဲမှုနှင့် အမြတ်အစွန်းစီမံခန့်ခွဲခြင်းဆိုင်ရာ ကဏ္ဍအသီးသီးတွင် အကြီးတန်းရာထူးများကို ထမ်းဆောင်ခဲ့ပါသည်။ သူ၏ ဦးဆောင်မှုနှင့် လမ်းညွှန်မှုများသည် Dai-ichi Life Vietnam အဖြစ် လုပ်ငန်းဝယ်ယူတည်ထောင်နိုင်မှုနှင့် Dai-ichi Life Insurance Cambodia တွင် လုပ်ငန်းစတင်နိုင်မှုတို့၌ များစွာအထောက်အကူဖြစ်စေပါသည်။

Mr. Takahama သည် တိုကျိုတက္ကသိုလ်မှ ဘွဲ့ ကြို အင်ဂျင်နီယာဘွဲ့ကို ရရှိထားပြီး ငွေကြေးစီမံခန့်ခွဲခြင်း၊ Internal Controls Management၊ အခွန်၊ လုံခြုံရေး၊ ငွေကြေး နှင့် Total Life Consultancy တို့တွင်လည်း အသိအမှတ်ပြုလက်မှတ်များစွာ ရရှိထားသူဖြစ်ပါသည်။