Dai-ichi Life

Puey Chyan Looi

Chief Operations Officer

ကျွန်တော်တို့အနေနဲ့ ဘယ်အရာကိုပဲ လုပ်လုပ်၊ နံပါတ်တစ်ဖြစ်အောင် ကြိုးစားနေပါတယ်။ ဆိုလိုချင်တာကတော့ ယုံကြည်စိတ်ချရတဲ့ အာမခံဝန်ဆောင်မှုကို ပေးဆောင်တာပဲဖြစ်ပါတယ်။’’

ကိုယ်ရေးရာဇဝင်

Mr. Looi သည် Chief Operations Officer အဖြစ် မြန်မာနိုင်ငံရှိ Dai-ichi Life ၏ လုပ်ငန်းအတွက် ကမ္ဘာ့အဆင့်မီ ကာစတန်မာဗဟိုပြုလုပ်ငန်းဆောင်တာများ လည်ပတ်ဆောင်ရွက်နိုင်မှုအတွက် တာဝန်ရှိသူဖြစ်ပါသည်။ သူ၏ နိုင်ငံတကာနှင့်ယှဥ်၍ ရခဲ့သော အတွေ့အကြုံများသည် ကာစတန်မာဝန်ဆောင်မှု၊ အာမခံလျော်ကြေးတောင်းခံချက်များ၊ ပေါ်လစီဝန်ဆောင်မှု၊ underwriting၊ ပေါ်လစီမူဝါဒထုတ်ပေးခြင်းနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအပါအဝင် နယ်ပယ်အသီးသီးတွင် ထူးချွန်သောလုပ်ငန်းတစ်ခုဖြစ်ရန် သူ၏ဦးဆောင်လုပ်ကိုင်မှုများဖြင့် ပြုလုပ်ပေးနေခြင်းဖြစ်ပါသည်။

Dai-ichi Life Insurance Myanmar Ltd. သို့ မဝင်ရောက်မီ Mr. Looi သည် ကမ္ဘောဒီးယား၊ တရုတ်နှင့် စင်ကာပူနိုင်ငံရှိ အသက်အာမခံနှင့် ထပ်ဆင့်အာမခံအဖွဲ့အစည်းများတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ အမှုဆောင်စီမံခန့်ခွဲမှု၊ ဗျူဟာနည်းကျကျစီစဉ်ခြင်း၊ underwriting၊ အာမခံလျော်ကြေး‌တောင်းခံမှု၊ အရောင်း၊ အေဂျင်စီ၊ internal audit၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ထပ်ဆင့်အာမခံမှု၊ ပရောဂျက်စီမံခန့်ခွဲမှုနှင့် ကာစတန်မာများနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်ရန် စီမံခန့်ခွဲမှုများကို တာဝန်ယူ ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါသည်။

Mr. Looi သည် စင်ကာပူရှိ Nanyang Technological University မှ Civil and Structural Engineering ဘွဲ့နှင့် အမေရိကန်နိုင်ငံရှိ Arizona State University မှ EMBA ဘွဲ့ရရှိထားသူဖြစ်ပါသည်။ Society of Actuaries Fellow တစ်ဦးဖြစ်ပြီး Chartered Insurer (UK) Fellow Academy of Life Underwriting Chartered Financial Consultant Chartered Financial Analyst နှင့် ACCA စသည့် ဘွဲ့လက်မှတ်များ ရရှိထားသူလည်းဖြစ်ပါသည်။