Dai-ichi Life

Makoto Kato

Deputy Chief Business Transformation Officer

“လွန်ခဲ့သော () နှစ်ခန့်ကတည်းက တစ်ဟုန်ထိုးတိုးတက်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့  ဒစ်ဂျစ်တယ်နည်းပညာတိုးတက်လာမှုကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ Digital Landscape ကို မဟာဗျူဟာကျကျ စီမံခြင်းက ထူးခြားကောင်းမွန်တဲ့ Customer Experience အတွက် အင်မတန်အရေးပါတယ်ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော့်ရည်မှန်းချက်ကတော့ မြန်မာလူမျိုးတွေ အတွက် ထူးခြားကောင်းမွန်တဲ့ Customer Journey တစ်ခုတည်ဆောက်ပေးဖို့ပါပဲ။ ဒါ့အပြင် talent development တွေ Succession program တွေကိုပေးခြင်းဖြင့် human capacity လို့ခေါ်တဲ့ လူသားအရင်းအမြစ်ရဲ့လုပ်နိုင်စွမ်းကိုမြှင့်တင်ပေးနိုင်အောင်လည်း ရည်မှန်းထားပါတယ်။”

ကိုယ်ရေးရာဇဝင်

Mr. Makoto Kato သည် Dai-ichi Life Insurance Myanmar ၏ Deputy Chief Business Transformation Officer အဖြစ်တာဝန်ယူဆောင်ရွက်နေပြီး Operations၊ IT၊ Business Transformation Task Force၊ Digital Transformation နှင့် Customer Experience သုံးစွဲသူများ၏ အတွေ့အကြုံများကို မြှင့်တင်ပေးဖို့အတွက် အဓိကဦးဆောင် လုပ်ကိုင်လျက်ရှိသည်။ သူ၏ digital နည်းဗျူဟာများ နှင့် System Development အတွက် ဆန်းသစ်ပြောင်းလဲမှုတွေမှာ နည်းဗျုဟာကျကျ ကျွမ်းကျင်မှုများသည် ကုမ္ပဏီ၏ အောင်မြင်မှုများအတွက် အဓိကအထောက်အပံ့တစ်ခုလည်းဖြစ်ပါသည်။

Mr. Makoto Kato သည် အာမခံလုပ်ငန်းနယ်ပယ်ထဲ၌ လုပ်သက် ၁၉ နှစ်မျှ လုပ်ကိုင်ပြီးနောက် လုပ်ငန်းလည်ပတ်မှုတွင် အထူးကျွမ်းကျင်ပြီး ဗဟုသုတလည်း ပေါများလာခဲ့သည်။ ၂၀၀၅ ခုနှစ်မှစ၍ Dai-ichi Life တွင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မြို့တွင် စတင်တည်ထောင်စဉ်ကလည်း Mr. Makoto Kato သည် Founding member တစ်ယောက်အဖြစ် အရေးပါတဲ့ ကဏ္ဍ တွင် ပါဝင်ခဲ့ပါသည်။ သူသည် အရေးအပါဆုံးဌာနများဖြစ်သည့် operations, IT, legal and compliance, government relations စသည်တို့ကို ကြီးကြပ်ကွပ်ကဲပြီး ကုမ္ပဏီတစ်ခုလုံးကို ဆန်းသစ်ပြောင်းလဲကာ အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရန် ဦးဆောင်လုပ်ကိုင်လျက်ရှိပါသည်။

Mr. Makoto Kato သည် ဂျပန်နိုင်ငံ Hokkaido University မှ bachelor’s degree in business administration ကိုရရှိခဲ့သည်။ ဒါ့အပြင် ဂျပန်နိုင်ငံမှာရှိသည့် နာမည်ရ Information-Technology Promotion Agency မှလည်း Information Technology Strategist qualifications ကိုရရှိခဲ့ပါသေးသည်။